DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF ထုတ်ပြန်
DVB
·
April 17, 2025
စစ်ကောင်စီ တပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ၂ လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဧပြီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၁ ရက်မှာလည်း မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ကလေးနယ်မြို့နယ် တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်က စစ်ကောင်စီတပ် အခိုင်အမာ နေရာယူထားတဲ့ ကြံသာကျေးရွာစခန်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ချင်းအမျိုးသားတပ်ဦး (CNA) ကွပ်ကဲမှုနဲ့ CDF-KKG က Major Operation အဖြစ် စတင်ခဲ့ပြီးချိန်မှာပဲ ကလေးမြို့နယ်တောင်ပိုင်းက ကမ်းပါးနီ စစ်ကောင်စီစခန်းကို သိမ်းဆည်းရမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ရီ ၁၅ ရက်နေ့မှာတော့ ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်ကြားရှိ မှန်တောရွာနဲ့ အောင်သာယာ(အနောက်)၊ အောင်သာယာ(အရှေ့) ရွာတို့က စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂ လဝန်းကျင် ကြာမြင့်တဲ့ စစ်ဆင်ရေးအတွင်းမှာ ABSDF က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDF-KKG Major Operation လို တခြားစစ်ဆင်ရေးတွေကိုလည်း တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့အတူ လက်တွဲညီညီနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စစ်ကောင်စီ တပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF ထုတ်ပြန်