DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကြယ်ပျံကုန်းတပ်စခန်းနှင့် လေးကေစခန်းတို့ကို  KNLA ပူးပေါင်းတပ်များ သိမ်းပိုက် 
DVB
·
April 13, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်အာဏာရှင်တပ် စခန်းထိုင်တပ်စွဲထားတဲ့ ကြယ်ပျံကုန်းစခန်းကို ဧပြီ ၁၃ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပါအဝင်  လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KNLA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပွိုင့် ၉၆၂ ကြယ်ပျံကုန်းစခန်းဟာ ဘာအံခရိုင် မြန်မာ-ထိုင်းနယ်စပ်နဲ့ ၃ မိုင်ခန့်သာ ကွာဝေးတဲ့ အခြေချစခန်းကြီးတခုဖြစ်ကာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သားတွေ ထွက်ပြေးသွားကြပြီး စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ကြယ်ပျံကုန်းစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က YAK 130၊ Y12  တို့နဲ့ စခန်းအနီးရှိ နေရာတွေကို လာရောက် ဗုံးကြဲခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဧပြီ ၁၂ ရက် မနက် ကလည်း ဘားအံမြို့ အ​နောက်မြောက်ဘက်ရှိ စစ်အာဏာရှင်တပ်ရဲ့ ​လေး​ကေစခန်းကုန်းကို KNLA ပူး​ပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

​လေး​ကေစခန်းမှာ စစ်​တပ်က အယောက်  ၉၀ လောက် စခန်းထိုင်နေတာ ဖြစ်ပြီး  တိုက်ပွဲဖြစ်ချိန် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အနီးနားက ဒေသခံ ပြည်သူ​တွေ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့တာရှိသလို နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဖွဲ့တွေ စခန်းကနေ တိမ်း​ရှောင်ထွက်​ပြေးသွားကြပြီး   ကျန်ရှိတဲ့ လူနာတွေ၊ ရုပ်​အလောင်းတွေနဲ့ လက်နက်တချို့ကိုသိမ်းဆည်းရမိတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဖိုးစီ

Photo : DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013