DVB Logo
Home
မြန်မာသတင်း
မြန်မာနှစ်ဆန်း ၁ ရက်နေ့ အကျဉ်းသား ၄,၉၀၀ ခန့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး  
DVB
·
April 17, 2025
မြန်မာနှစ်ဆန်း ၁ ရက်နေ့ အကျဉ်းသား ၄,၉၀၀ ခန့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး  
Donate to DVB

ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်တွေက အကျဉ်းသား၊ အကျဉ်းသူ ၄,၈၉၃ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ် ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် လွတ်မြောက်လာတဲ့ထဲမှာ နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၁၃ ယောက် ပါဝင်ပြီး ပြည်နှင်ဒဏ်ပေးကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ထဲမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲပစ္စည်း အက်ဥပဒေအရ ပြစ်မှု၊ မတရားအသင်း အက်ဥပဒေအရပြစ်မှု၊ လက်နက်ဥပဒေအရ ပြစ်မှု၊ မူးယစ်ဆေးမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြစ်မှု၊ အကြမ်းဖက်မှု၊ အဂတိမှုစတဲ့ ပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့သူတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

တည်ဆဲဥပဒေအရ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေအရ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ကျခံရန်ကျန်ရှိနေတဲ့ ပြစ်ဒဏ်ရဲ့  ၆ ပု ၁ ပုံကိုသာ လွတ်ငြိမ်းခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013