
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း ဩဒက်ဆာမြို့ဆီ ဧပြီ ၁၅ ရက်က အလည်အပတ် ရောက်နေတုန်း အမေရိကန်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ယူကရိန်း၊ ဗြိတိန်၊ ပြင်သစ်နဲ့ တူရကီ ကိုယ်စားလှယ်တွေဟာ ဧပြီ ၁၅ နဲ့ ၁၆ ရက်က တူရကီနိုင်ငံမှာ ပင်လယ်နက်လုံခြုံရေးကို ဆွေးနွေးကြမယ်လို့ ရူတေနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဇလန်းစကီးက ပြောပါတယ်။
“အစည်းအဝေးတွေ ဆက်လုပ်နေသလားဆိုတာ ချက်ချင်းမသိရသေးပါဘူး။ ဒါက စစ်ပွဲကို အဆုံးသတ်ဖို့ မဟုတ်ပါဘူး၊ ဒါက အပစ်အခတ်ရပ်စဲပြီးရင် ဖြစ်လာမယ့် လုံခြုံရေး အာမခံချက်ပါ” လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
ယူကရိန်းခေါင်းဆောင်က သတ္တုတွင်းထွက် သဘောတူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆက်ဆွေးနွေးမယ့် အချက်တွေအပေါ် မှတ်ချက်ပေးခဲ့ပြီး အပြုသဘောဆောင်လို့ နောက်ထပ်တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။
Source : Reuters