DVB Logo
Home
နိုင်ငံတကာ
ပီရူးသမ္မတဟောင်း ဟူမာလာကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်
DVB
·
April 16, 2025
ပီရူးသမ္မတဟောင်း ဟူမာလာကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်
Donate to DVB

ပီရူးတရားရုံးတရုံးက သမ္မတဟောင်း အိုယန်တာ ဟူမာလာကို ဘရာဇီးဆောက်လုပ်ရေး ကုမ္ပဏီတခုဆီကနေ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေ တရားမ၀င် ရယူမှုအတွက် ဧပြီ ၁၅ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

သူဟာ သံတိုင်နောက်ကွယ်ကိုရောက်တဲ့ နိုင်ငံရဲ့ နောက်ဆုံးခေါင်းဆောင် ဖြစ်လာပြီး ဟူမာလာရဲ့ဇနီး နာဒင်း ဟရေဒီယာကိုလည်း အင်္ဂါနေ့က ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

ဟူမာလာနဲ့ သူ့ဇနီးတို့ဟာ အောင်မြင်တဲ့ ၂၀၁၁ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ ဘရာဇီး ဆောက်လုပ်ရေးလုပ်ငန်း အိုဒီဘရန့်ချ် ဆီကနေ ရန်ပုံငွေတွေ ရခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ပီရူးနိုင်ငံကို ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ ဦးဆောင်ခဲ့တဲ့ အငြိမ်းစား စစ်ဘက်အရာရှိဟောင်း ဖြစ်သူ ဟူမာလာဟာ ပီရူးနိုင်ငံမှာ အကျဉ်းကျခံထားရတဲ့ ခေါင်းဆောင်တွေအတွက် အထူးတည်ဆောက်ထားတဲ့ ရဲစခန်းတခုမှာ ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

သမ္မတဟောင်း အလေဂျန်ဒရို တိုလေဒိုနဲ့ ပေဒရို ကက်စတီလိုတို့ဟာ လက်ရှိ အဲဒီနေရာမှာ အကျဉ်းချခံထားရပြီး အယ်လ်ဘာတို ဖူဂျိမိုရိလည်း ၂၀၂၃ ခုနှစ်က လွတ်မြောက်လာချိန်အထိ အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအပြီး ၃ နှစ်ကြာတဲ့ ရုံးချိန်းမှာ ဟူမာလာက ဒီစွဲချက်ကို နိုင်ငံရေးညှဉ်းပန်းမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။

ဘရာဇီး ဆောက်လုပ်ရေးလုပ်ငန်း အိုဒီဘရန့်ချ်ဟာ နှစ် ၂၀ အတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံက သမ္မတတွေ အစိုးရအရာရှိတွေကို လာဘ်ထိုးပြီး အများပြည်သူဆိုင်ရာ ကန်ထရိုက်တွေ ရယူခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက စုံစမ်းစစ်ဆေး ဖော်ထုတ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013