ယူနန် သင်္ကြန်ပွဲတွင် စက်ရုပ်ခွေးများ ပါဝင်ဆင်နွှဲ
DVB
·
April 16, 2025

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်၊ စစ်ဆောင်ပန္နားမှာ နှစ်စဉ် သင်္ကြန် ရေသဘင်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပနေရာမှာ စက်ရုပ်ခွေးတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အခုနှစ်မှာတော့ တရုတ်နိုင်ငံတဝန်းက ဧည့်သည်တွေအပြင် စက်ရုပ်ခွေး ၈ ကောင်ပါ ပွဲတော်မှာ ပါဝင်ခဲ့တာပါ။
စက်ရုပ်ခွေးတွေဟာ တန်းစီပြီး ခုန်ခြင်း၊ လွှဲခြင်း၊ လှည့်ခြင်းနဲ့ ပြေးခြင်း အပါအဝင် စိတ်ဝင်စားစရာ လှုပ်ရှားမှုတွေကို ပိုင်ပိုင်နိုင်နိုင် ပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်မှာ နဂါးလှေပြိုင်ပွဲနဲ့ စီတန်းလှည့်လည်ပွဲတွေလည်း ကျင်းပခဲ့ပါတယ်။
Source : Reuters










