Home
နိုင်ငံတကာ
ထိုင်းသင်္ကြန်ကာလ နိုင်ငံခြားခရီးသွားဧည့်သည် ၆ သိန်းကျော် ဝင်ရောက်   
DVB
·
April 16, 2025
Photo : Reuters

ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် မဟာဆုန်ကရန် သင်္ကြန်ရေသဘင်ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး သင်္ကြန်ကာလမှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ပေါင်း အယောက် ၆၆၆,၁၈၀ လာရောက်လည်ပတ်ခဲ့ပြီး တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၅ သိန်းကျော် တိုးလာတယ်လို့  ထိုင်းအားကစားနဲ့ ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပျမ်းမျှခြင်းအားဖြင့် တနေ့ကို ကမ္ဘာလှည့်ခရီးသွား ၉၅,၁၆၅ ယောက် ဝင်ရောက်ခဲ့တယ်၊ ပြီးခဲ့တဲ့အပတ်ကထက်စာရင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးလာပြီး  ခရီးသည်အများဆုံး ၅ နိုင်ငံမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ယူကေ နိုင်ငံတွေက ဖြစ်တယ်၊ ဥရောပတိုက်ဘက်ကလည်း အားလပ်ရက်မှာ လာရောက်လည်ပတ်ကြတယ်လို့ ထိုင်းခရီးသွားနဲ့ အားကစားဝန်ကြီး နိုင်းဆော်လဝုန်း ထိမ်းထောင်းန်က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး ဒီ ဧပြီ ၁၃ ရက်ထိ နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း ၁၀ ဒသမ ၇ သန်း ဝင်ရောက်လာကာ တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၅၁၉,၅၈၉ သန်း တိုးမြင့်လာတယ်။ အဲဒီကာလအတောတွင်း တရုတ်၊ မလေးရှား၊ ရုရှား၊ အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံက အများဆုံးဖြစ်တယ်လို့ ခရီးသွားဝန်ကြီးက ပြောပါတယ်။

သင်္ကြန်နောက်ပိုင်းမှာတော့ ကမ္ဘာလှည့်ခရီးသွားဦးရေ လျော့နည်းသွားလိမ့်မယ်၊ ဒါပေမဲ့ ထိုင်းနိုင်ငံအနေနဲ့တော့ ကမ္ဘာလှည့်ခရီးသွားတွေ အဆင်ပြေပြေ လာလည်နိုင်ဖို့ စည်းမျဉ်း စည်းကမ်းတချို့ ဖြေလျော့ပေးတာနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို လျှော့ချမှာ မဟုတ်သလို လေကြောင်းလိုင်းတွေလည်း ဆက်လက်တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

Source : MCOT News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024