DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက် အိမ်ပြန်လာသည့် စစ်မှုထမ်းမဲပေါက်ထားသူအား စစ်တပ်က ဖမ်းဆီး
DVB
·
April 16, 2025
သင်္ကြန်ပိတ်ရက် အိမ်ပြန်လာသည့် စစ်မှုထမ်းမဲပေါက်ထားသူအား စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှာ စစ်မှုထမ်း မဲပေါက်ထားတဲ့လူငယ် သင်္ကြန်ပိတ်ရက် အိမ်ပြန်လာချိန် ထွက်ပြေး တိမ်းရှောင်နေတယ်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုသိမ်မြို့နယ်၊ ကြက်ပေါင်းကျေးရွာက စစ်မှုထမ်းအပတ်စဉ် ၁ မှာ မဲပေါက်လို့ တိမ်းရှောင်နေတာကြောင့်ဆိုပြီး ကိုစူပါတို ဆိုသူကို ရန်ကုန်ကနေ သင်္ကြန်အလုပ်ပိတ်ရက် နေအိမ်ကိုပြန်လာချိန် ဧပြီ ၁၂ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိတဲ့သူတယောက်က “သူက ရန်ကုန်မှာ အလုပ်လုပ်ပြီး ပြန်လာတာ။ စစ်မှုထမ်း မဲပေါက်ထားတယ်လို့ မိသားစုကို ခေါ်ခိုင်းထားတာ။ မခေါ်ပေးဘဲ ပြန်လာချိန် စစ်ပြေးနဲ့ ကိုးဆူ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာ။ သတင်းပေးကြောင့် အဖမ်းခံရတာလို့ သိရတယ်” လို့ ပြောပါတယ်။

ကိုးဆူစစ်ဆေးရေးဂိတ်အပြင် ပန်တိုင်နဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်တွေကို စစ်ဆေးပြီး သူတို့အသုံးပြုတဲ့ ဆော့ဖ်ဝဲနဲ့ တိုက်စစ်ကာ စစ်ပြေး၊ ရဲပြေးနဲ့ CDM သမားတွေကို ဖမ်းဆီးနေတာလို့ သိရပါတယ်။

အဖမ်းခံရသူနဲ့ နီးစပ်တဲ့ ပုသိမ်ဒေသခံတယောက်က “သူက စစ်မှုထမ်းကိစ္စတွေ မဖြစ်ခင်ကတည်းက ရန်ကုန်မှာ အလုပ်လုပ်နေတာပါ။ စစ်မှုထမ်း မဲပေါက်ထားတယ်လို့တော့ ကြားမိပါတယ်။ စစ်မှုမထမ်းချင်လို့ ဝရမ်းပြေး ထွက်ပြေးနေတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ကလည်း ပုသိမ်မြို့က တောင်ပေါ်လမ်း Sky Bar စားသောက်ဆိုင်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းနဲ့ ထွေအုပ်၊ ရဲနဲ့ စရဖတွေ အင်အားအမျာအပြားနဲ့ ပိတ်ဆို့ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013