DVB Logo
Home
မြန်မာသတင်း
ဟားခါးမြို့က ပြည်သူ့စစ် ၃ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
April 16, 2025
ဟားခါးမြို့က ပြည်သူ့စစ် ၃ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့က ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force - Hakha (CDF Hakha) က ဧပြီ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့ ၂၆၆ ဗျူဟာက ပြည်သူ့စစ် ၃ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အလင်းဝင်လာတာလို့ CDF Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ယောက်ဟာ MA1 သေနတ်တလက်၊ MA3 သေနတ်တလက်၊ MA11 သေနတ်တလက်အပြင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေ ယူဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

CNA အရာရှိတယောက်က “လက်နက်ခဲယမ်းတွေပါလာတဲ့ သူတို့ ၃ ယောက်ကို ဆုကြေးငွေတွေ အသီးသီး ချီးမြှင့်ပြီးလို့ လွတ်မြောက်နယ်မြေရောက်အောင် တာဝန်ယူ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ နောက်ထပ်လည်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုကြဘဲ ပြည်သူနဲ့ ပူပေါင်းပါဝင်လိုကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အမြဲကြိုဆိုနေပါတယ်။ အချိန်မရွေးလည်း ဆက်သွယ်လာနိုင်ပါတယ်။ အစစအရာရာ တာဝန်ယူပြီး လွတ်မြောက်နယ်မြေ ရောက်တဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။

မတ် ၂၅ ရက်ကလည်း ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေပြီး တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်၊ ဧပြီ ၆ ရက်မှာ ဟားခါးမြို့ပေါ်က စိုက်ပျိုးရေးခြံမှာ တာဝန်ကျနေတဲ့ အသက် ၂၅ နှစ်အရွယ် ရဲတပ်သားသန့်ဇင်ဖြိုး တို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ CDF Hakha ဆီကို အလင်းဝင်ရောက်လာခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013