
အီရတ်နိုင်ငံအလယ်ပိုင်းရှိ အဓိကမြို့ကြီးဖြစ်တဲ့ ကားဘလာမြို့မှာ နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ထူထောင်ဖို့ အမျိုးသားရေး ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် စွန်ပလွံပင် စိုက်ခင်းတွေကို အသစ်ပြန်လည် စိုက်ပျိုးနေပါတယ်။
၁၉၈၀ မှ ၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အီရတ်နဲ့ အီရန် စစ်ပွဲကြောင့် စွန်ပလွံခင်းတွေ ပျက်စီးခဲ့ပြီး လူအများအပြားဟာ သူတို့ရဲ့မြေတွေကို စွန့်ခွာခဲ့ရပါတယ်။
စွန်ပလွံပင် အမြောက်အမြား စိုက်ပျိုးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေပြီး မိရိုးဖလာ အီရတ်မျိုးကွဲတွေနဲ့ မာ့ဂျ်ဟူးလ်နဲ့ ဒဲလ်ဂရဒ်နိုးတို့လို တင်သွင်းတဲ့ အမျိုးအစားတွေလည်း ပါဝင်တယ်လို့ အီရတ်စိုက်ပျိုးရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမဒ်အယ်လ်ခူဇိုင်က ရှင်းပြပါတယ်။
ကုမ္ပဏီနဲ့ ပရောဂျက် အများအပြားဟာ ဒီကဏ္ဍမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံနေကြတယ်လို့လည်း သူက ဆိုပါတယ်။
ဥပမာအားဖြင့် ဖာဒက်ခ်ထန်းခြံဟာ ထန်းမျိုးရိုးဗီဇဘဏ်အဖြစ် ဆောင်ရွက်ပြီး ထန်းမျိုးစိတ် မျိုးစုံကို ထိန်းသိမ်းစောင့်ရှောက်ပြီး စိုက်ခင်းတွေကို သိသိသာသာ တိုးချဲ့လာခဲ့ပါတယ်။
စွန်ပလွံပင် ၈ သန်းကနေ ၁၀ သန်းလောက် ရှိလာပြီးနောက်မှာ စွန်ပလွံပင် အရေအတွက်က ၂၂ သန်းတောင် ကျော်လွန်သွားပြီလို့လည်း အယ်လ်ခူဇိုင်က ပြောပါတယ်။
အီရတ်နိုင်ငံရှိ စွန်ပလွံပင် စုစုပေါင်းအရေအတွက် သိသိသာသာ များပြားလာခဲ့ပြီး အစိုးရက လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ထားပါတယ်။
Source : Reuters