DVB Logo
Home
အားကစား
တရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး အာဖရိက ကစားသမားအဖြစ် ဂူယာဆီ စံချိန်တင်
DVB
·
April 16, 2025
တရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး အာဖရိက ကစားသမားအဖြစ် ဂူယာဆီ စံချိန်တင်
Donate to DVB

ဒေါ့မွန်တိုက်စစ်မှူး ဂူယာဆီဟာ တရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုး အများဆုံး အာဖရိက ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဂူယာဆီက တယောက်တည်း ဟတ်ထရစ် ၃ ဂိုး သွင်းခဲ့တာပါ။

ဒေါ့မွန်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမဲ့ ဂီနီတိုက်စစ်မှူး ဂူယာဆီက ဆာလာနဲ့ မာနေးတို့ မှတ်တမ်းတင်ထားတဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

အခုနှစ်ရာသီအစကမှ စတုဂတ်ကနေ ပြောင်းရွှေ့လာတဲ့ ဂူယာဆီဟာ ချန်ပီယံလိဂ်မှာ ၁၃ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပြီး ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၂၅ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး အာဖရိက ကစားသမားအဖြစ် ဂူယာဆီ စံချိန်တင်