DVB Logo
Home
မြန်မာသတင်း
ရမည်းသင်းမြို့နယ်က ကျေးရွာများတွင် အလှူရှင် အရောက်နည်းသဖြင့် ရေအခက်အခဲဖြစ်
DVB
·
April 15, 2025
ရမည်းသင်းမြို့နယ်က ကျေးရွာများတွင် အလှူရှင် အရောက်နည်းသဖြင့် ရေအခက်အခဲဖြစ်
Donate to DVB

မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင်းက ကျေးရွာတွေမှာ အလှူရှင်တွေ အရောက်နည်းတဲ့အပြင် သုံးရေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရမည်းသင်းမြို့နယ်အတွင်းက မြို့လှ၊ သီးကုန်း၊ ပင်းစုမြောက်၊ ပင်းစုတောင်၊ ပဲ့ဆည်၊ ဝါးရုံတော၊ တံတားဦး၊ မြို့‌ဟောင်းကျေးရွာက နေအိမ်၊ အဆောက်အအုံ ၃၈ လုံး ပြိုကျပြီး ၂၄၈ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၁ ယောက်နဲ့ ဒဏ်ရာရသူ  ၆၇၇ ယောက် ရှိခဲ့ပါတယ်။

စက်မှုနှင့် အနုပညာရပ်များမှ ဇော်မျိုးဦးက “အလှူရှင်တွေက အရောက်အပေါက်နည်းတယ်။ နာမည်ကြီးတဲ့ရွာက ရောက်တာ များတယ်။ ကျနော် သွားခဲ့တဲ့ရွာက အရောက်အပေါက်နည်းတော့ သွားပြီးတော့ လှူပေးခဲ့တယ်။ ပင်းစုတောင်နဲ့မြောက်က တော်တော်လေးဆိုးတယ်။ အိမ်ခြေ တော်တော်လေးများတယ်။  အပြိုအပျက်တွေများတယ်။  အဲဒီရွာတွေမရောက်ဘူးဆိုတာနဲ့ ကျနော် ရောက်အောင်သွားပြီးတော့ လှူခဲ့တယ်။ ကျန်တဲ့ နာမည်မသိသေးတဲ့ တချို့ရွာတွေလည်း ရှိသေးတယ်။ တချို့ အရောက်အပေါက်နည်းတာပေါ့” လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ကျေးရွာတွေမှာ သောက်သုံးရေကန်တွေ ပျက်စီးခဲ့တာကြောင့် အလှူရှင်တွေက သောက်ရေအတွက် လှူဒါန်းပေးပေမဲ့ သုံးရေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နယ်ခံပရဟိတအသင်း တာဝန်ရှိသူက ပြောပါတဘ်။

ပရဟိတအသင်းတာဝန်ရှိသူက “လက်ရှိက ရေပဲ။ သောက်ရေကတော့ လှူတဲ့သူတွေက ပိုပိုလိုလို လှူနိုင်တယ်။ သုံးရေအတွက် ငလျင်လှုပ်လိုက်တော့ အောက်ရေတွေက မူလလိုပြန်မရတော့ဘူး။ မူလအတိုင်း ပြန်မရတော့ဘူး။ နောက်တခုက ကျေးရွာအတွင်း ရေပေးဝေမှုစနစ်တွေမှာ ရေစင်တွေက ပြန်ပြီးတော့ ရေထည့်ပြီးတော့  ပြန်ပေးဖို့မရတော့ဘူး။ အန္တရာယ်ရှိတဲ့ အနေအထားပေါ့။ ကျေးလက်ရေစင်တခုရယ်၊  လူထုဗဟိုပြု ရေစင်တခုရယ် ရေပေးဝေလို့ မရတော့ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်းသေဆုံးသူအရေအတွက် ၄၃၅၅ ယောက်နဲ့ ငလျင်ဘေးသင့်သူ ၁ သိန်း ၉ သောင်းကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၅ သောင်းကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၁ ရက်နေ့အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။  

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013