DVB Logo
Home
နိုင်ငံတကာ
တရုတ်သမ္မတ၏ ခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယားတွင် အထူးရုပ်ရှင်ပြသ
DVB
·
April 15, 2025
တရုတ်သမ္မတ၏ ခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယားတွင် အထူးရုပ်ရှင်ပြသ
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘောဒီးယားနိုင်ငံဆီ လာရောက်လည်ပတ်မယ့် ခရီးစဉ်အတွင်း တရုတ်မီဒီယာအုပ်စု (CMG) က အထူးရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကို ရွေးချယ်ပြီး ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာ တနင်္ဂနွေနေ့က စတင်ပြသခဲ့ပါတယ်။

ဒီပွဲကို CMG ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရုပ်မြင်သံကြားဌာန (TVK) ရဲ့ ညွှန်ကြားရေးမှူးချုပ် ကမ္ဘောဒီးယားအက်ပ်စာရာ TV ရုပ်မြင်သံကြားဌာန ဒါရိုက်တာတို့က ဗီဒီယိုမိန့်ခွန်းတွေနဲ့ စတင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကြိုးပမ်းမှု၊ ရိုးရာစားကောင်းသောက်ဖွယ်တွေနဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို တစေ့တစောင်း ပြသပေးတဲ့ “ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ခြင်း”၊ “တရုတ်ရဲ့ အနာဂတ်ဆီ ပြိုင်ပွဲ”၊ “ဟိုင်နန်ပြည်နယ်က ဒေသခံတို့လို စားသောက်ခြင်း” စတဲ့ အလွန်ကျော်ကြားတဲ့ မှတ်တမ်းရုပ်ရှင်တွေ ပါပါတယ်။

သမ္မတရှီရဲ့ ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို ထင်ဟပ်စေတဲ့ ရုပ်ရှင်တွေဟာ ပရိသတ်တွေကို ခေတ်ပြိုင် တရုတ်နိုင်ငံရဲ့ ရှင်သန်တက်ကြွမှုနဲ့ ကြီးထွားမှုကို နက်နက်ရှိုင်းရှိုင်း ထင်ဟပ်စေတယ်လို့ CCTV သတင်းဌာနက ပြောပါတယ်။

CMG ရဲ့ အထူးရုပ်ရှင်တွေဟာ ကမ္ဘောဒီးယား ပရိသတ်တွေကို တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ် ပိုနက်နက်နဲနဲ နားလည်သဘောပေါက်ဖို့ ရှားရှားပါးပါး အခွင့်အရေးကို ပေးနေတယ်လို့ TVK ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

TVK၊ အက်ပ်စာရာ TV နဲ့ ဟန်းမီး HDTV အပါအဝင် ကမ္ဘောဒီးယားနိုင်ငံက အဓိကမီဒီယာတွေမှာ စီးရီး ၇ ခုကို ဇွန်လကုန်အထိ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗီယက်နမ်နိုင်ငံဆီ ဧပြီ ၁၄ ရက်ကနေ ၁၅ ရက်အထိ သွားပြီးတဲ့နောက် မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဆီ ဧပြီ ၁၅ ရက်ကနေ ၁၈ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် စတင်လည်ပတ်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013