
တော်လှန်အနုပညာရှင် သရုပ်ဆောင်ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “OMUKADE” အိုမူကာဒေး ရုပ်ရှင်ကို ကမ္ဘာကျော် ရုပ်ရှင်ပလက်ဖောင်းဖြစ်တဲ့ Netflix မှာ ပြသမယ်လို့ သိရပါတယ်။
ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ အိုမူကာဒေးရုပ်ရှင်ကို Netflix ပလက်ဖောင်းမှာ မေ ၃၁ ရက်က စပြီး ကြည့်ရှုလို့ရတော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်စကာ ထိုင်းနိုင်ငံအနှံ့က ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တာ ဖြစ်ပါတယ်။
OMUKADE ရုပ်ရှင်ဟာ အင်္ဂလိပ်-ဂျပန် စစ်ပွဲကာလကို ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ ဒေါင်းက ဂျပန်လက်အောက်က စစ်သုံ့ပန်းတယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီရုပ်ရှင်မှာ အမေရိကန်၊ ထိုင်း၊ ဂျပန်သရုပ်ဆောင်တွေနဲ့ မြန်မာရုပ်ရှင်သရုပ်ဆောင် ဒေါင်းက ပါဝင်ထားတာ ဖြစ်ပါတယ်။










