DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါ ရွေးကောက်ပွဲတွင် အသက်အငယ်ဆုံးသမ္မတ နိုဘိုအာ ထပ်မံအနိုင်ရ
DVB
·
April 15, 2025
အီကွေဒေါ ရွေးကောက်ပွဲတွင် အသက်အငယ်ဆုံးသမ္မတ နိုဘိုအာ ထပ်မံအနိုင်ရ
Donate to DVB

အီကွေဒေါနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိသမ္မတဖြစ်သူ ဒန်နီရယ် နိုဘိုအာဟာ လူထုဆန္ဒမဲ ၅၆ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရသွားတယ်လို့ အမျိုးသားရွေးကောက်ပွဲကောင်စီအရ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပထမဆုံးအနိုင်ရပြီးနောက် သမ္မတဖြစ်လာခဲ့တဲ့ နိုဘိုအာက ၄ နှစ်သက်တမ်းကို အပြည့်ထမ်းဆောင်ခွင့်ရတော့မှာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် နိုဘိုအာက ရွေးကောက်ပွဲ ထပ်အနိုင်ရတာကို "သမိုင်းဝင်" ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။

တဘက်က အဓိကပြိုင်ဘက်ဖြစ်တဲ့ လက်ဝဲဝါဒီ လူဝီဆာ ဂွန်ဇာလက်ဇ်ဟာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ မသမာမှုရှိကြောင်း စွပ်စွဲခဲ့တဲ့အပြင် မဲပြန်ရေတွက် ပေးဖို့အတွက်ပါ တောင်းဆိုလိုက်ပါတယ်။

ဗဟိုလက်ယာယိမ်းဝါဒီ နိုဘိုအာကတော့ “မဲအရေအတွက် ၁ သန်းကျော်နဲ့ ၁၀ မှတ်အသာဟာ ဘယ်သူ အနိုင်ရလဲဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး ” ဆိုပြီး တုံ့ပြန်ထားပါတယ်။

ဧပြီ ၉ ရက်​ ရွေးကောက်ပွဲမတိုင်ခင် စစ်တမ်းတွေမှာ အပြိုင်အဆိုင်ဖြစ်ခဲ့ပေမဲ့ ပထမအကျော့မှာ ရလဒ်ပြတ်သားခြင်း မရှိတဲ့အလျောက် ဒုတိယအကျော့ ယှဉ်ပြိုင်ရာမှာတော့ နိုဘိုအာ အနေနဲ့ အသားစီးရခဲ့ပါတယ်။

ဒါကြောင့် အီကွေဒေါ သမိုင်းတလျှောက် အသက်အငယ်ဆုံး သမ္မတဖြစ်သူဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေအပေါ် သူကိုယ်တိုင် ‘စစ်ကြေညာထားတဲ့’အတိုင်း ဆက်လက် လုပ်ဆောင်ခွင့်ရပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အီကွေဒေါရဲ့ လမ်းတွေပေါ် စစ်တပ်နေရာချတာမျိုးနဲ့ လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်အသစ်တွေ တည်ဆောက်တာမျိုးအထိ ပါဝင်ပါတယ်။

ဒေသတွင်းအကြမ်းဖက်မှု အများဆုံးနိုင်ငံဖြစ်တဲ့ အီကွေဒေါမှာ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး ရာဇဝတ်ဂိုဏ်းနှိမ်နင်းရေးနဲ့ အလုပ်လက်မဲ့နှုန်း လျော့ချရေးဟာ နိုဘိုအာ-အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။

မကြာသေးခင်ကလည်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို မှောင်ခိုဂိုဏ်းတွေနဲ့ တိုက်ခိုက်ရာမှာ ပါဝင်ကူညီစေလိုကြောင်း ပြောဆိုခဲ့တဲ့အပြင် အခြေခံဥပဒေပြင်ဆင်ကာ ပြည်ပစစ်တပ်စခန်းတွေ ဖွင့်ခွင့်ပြုဖို့အတွက်ပါ ရည်မှန်းထားပါတယ်။

နိုဘိုအာလက်ထက်မှာ လူသတ်မှုအနည်းငယ် လျော့ကျလာပေမဲ့ အကြမ်းဖက်မှုနှုန်းကတော့ အတော်ကိုမြင့်မားနေတာ ဖြစ်ပါတယ်။

၂၀၂၅ ဇန်နဝါရီ တလတည်းမှာတင် လူပေါင်း ၇၈၀ ကျော် အသတ်ခံခဲ့ရတဲ့အတွက် တောင်အမေရိကနိုင်ငံရဲ့  အသေအပျောက်အများဆုံး လ တလ ဖြစ်လာခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013