DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သည့်  နိုင်ငံခြားသား ၂၇၅ ဦး နေရပ်ပြန်လိုသဖြင့် ဆန္ဒပြ  (ရုပ်သံ) 
DVB
·
April 14, 2025
ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သည့်  နိုင်ငံခြားသား ၂၇၅ ဦး နေရပ်ပြန်လိုသဖြင့် ဆန္ဒပြ  (ရုပ်သံ) 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ အထူးစီးပွားရေးဇုန်မှာ ဧပြီ ၁၃ ရက် မနေ့က  ကျားဖြန်အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ နိုင်ငံခြားသား  ၂၇၅ ယောက် ဆန္ဒပြခဲ့တယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါနိုင်ငံခြားသားတွေထဲမှာ အီသီယိုပီးယားနဲ့ အာဖရိကတိုက်သားတွေ အများဆုံး ပါဝင်ပြီး  တခြားနိုင်ငံသား အနည်းအကျဉ်းပါဝင်တယ်။

DKBA က ကျားဖြန့်ဂိုဏ်သားတွေ ဖမ်းဆီးနှိမ်နင်းရာမှာ သူတို့ပါ အဖမ်းခံရတာဖြစ်တယ်။ ဖမ်းဆီးခံရသူအတော်များများ မိမိနေရင်းနိုင်ငံ ပြန်ပို့ခံရပေမဲ့  ကျန်နေတဲ့  ၂၇၅ ယောက်က ၂ လကြာ ထိန်းချုပ်ခံနေရပြီး ခုထိပြန်ပို့မခံရသေးတာကြောင့် အိမ်ပြန်ချင်လို့ ဆန္ဒပြကြတာလို့  ဆိုပါတယ်။

Video: AEC

ဆန္ဒပြသူတွေဟာ နယ်ခြားသောင်ရင်းမြစ်ကို ကူးဖြတ်ပြီးထွက်ပြေးဖို့ ကြိုးစားတာကြောင့် DKBA တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ခြိမ်းခြောက်ဟန့်တားခဲ့ပြီး  ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်။ 

အဆိုပါနေရာဟာ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်၊ ချောင့်ခက်ပ်ရွာနဲ့  မျက်နှာချင်းဆိုင်မှာရှိတဲ့အတွက်  ကြိုတင်ကာကွယ်တဲ့အနေနဲ့   ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်း၊ နရေ့ဆွန်စစ်ကြောင်း၊ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းအဖွဲ့တွေ လုံခြုံရေး တိုးမြှင့်လိုက်တယ်လို့  စစ်ကြောင်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အမှန်က  ကော်လ်စင်တာနဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားသားတွေကို  နေရပ်ပြန်ပို့ဖို့  တိကျတဲ့ မူဝါဒရှိပြီးသား၊ ဒီမတိုင်ခင်ကလည်း  နိုင်ငံခြားသားပေါင်း ၆, ၀၀၀ ကျော် ပြန်ပို့ပေးခဲ့ပြီးဖြစ်တယ်၊  ဒီ ၂၇၅ ယောက်က သူတို့နိုင်ငံတာဝန်ရှိသူတွေက လာမကြိုတာကြောင့် ကျန်နေတာဖြစ်တယ်၊  နယ်စပ်ကနေတော့ ဒီတိုင်းကိုယ့်သဘောနဲ့ကိုယ်ပြန်လို့မရဘူး၊ အတင်းကူးဖြတ်လာရင် တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးရမယ်လို့  ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။

ထိုင်းဘက်က DKBA တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရာမှာ ဒီ ဧပြီ ၁၈ ရက်ကျရင် သူတို့ကို စစ်ကောင်စီလက်ထဲ အပ်နှံလိုက်မယ်လို့  DKBA က ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။ 

Source: AEC Asian News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013