DVB Logo
Home
နိုင်ငံတကာ
စမတ်ဖုန်းနှင့် ကွန်ပျူတာ အပါအဝင် နည်းပညာပစ္စည်းများကို ထရမ့်ပ် အခွန်ကင်းလွတ်ခွင့်ပြု
DVB
·
April 14, 2025
စမတ်ဖုန်းနှင့် ကွန်ပျူတာ အပါအဝင် နည်းပညာပစ္စည်းများကို ထရမ့်ပ် အခွန်ကင်းလွတ်ခွင့်ပြု
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ စမတ်ဖုန်း၊ ကွန်ပျူတာတွေနဲ့ တခြား လျှပ်စစ်ပစ္စည်းတွေ တင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု အပါအဝင် အပြန်အလှန်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာပါ။

အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးရဲ့ ထုတ်ပြန်ချက်မှာ အဲဒီကုန်ပစ္စည်းတွေကို ထရမ့်ပ်ရဲ့ ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုနဲ့ တရုတ်သွင်းကုန်အခွန် တိုးမြှင့်မှုကနေ ကင်းလွတ်ခွင့် ပြုထားတယ်လို့ ပါဝင်ပါတယ်။

ဒီလို အခွန်ကင်းလွတ်ခွင့်ပြုတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လာမယ့်အပတ်ထဲမှာ အပြည့်အစုံ ပြောကြားမယ်လို့ ထရမ့်ပ်က စနေနေ့မှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ သေချာထုတ်ပြန်မှာပါ။ ဒီကုန်ပစ္စည်းတွေကနေ ကျနော်တို့ ငွေအမြောက်အမြား ရရှိနေပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့လည်း ငွေတွေ အများကြီးရနေပါတယ်” လို့ ထရမ့်ပ်က မီယာမီကို ခရီးမထွက်မီ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ရဲ့ နည်းပညာကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ ပစ္စည်းထုတ်လုပ်တာ များတာကြောင့် အမေရိကန် နည်းပညာထုတ်ကုန်တွေ ဈေးနှုန်းကြီးမြင့်မှာကို စိုးရိမ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်မှာ အခုလို သတင်းထွက်လာတာပါ။

အခွန်ကင်းလွတ်ခွင့် ပစ္စည်းတွေထဲမှာ လျှပ်စစ်ပစ္စည်းတွေ၊ နည်းပညာသုံး အစိတ်အပိုင်းတွေ၊ လျှပ်ကူးပစ္စည်းတွေ၊ ဆိုလာတွေ၊ မန်မိုရီကတ်တွေလည်း ပါဝင်ပါတယ်။

ဒီလို အခွန်ကင်းလွတ်ခွင့်ပြုတာက Apple၊ Nvidia၊ Microsoft နဲ့ တခြား နည်းပညာလုပ်ငန်းတွေအတွက် သက်သာရာရခဲ့တာပဲ ဖြစ်ပါတယ်။

ထရမ့်ပ်အစိုးရက အဲဒီ နည်းပညာထုတ်လုပ်မှု ပစ္စည်းတွေကို အမေရိကန်မှာ ပြောင်းလဲ ထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပြီး အဲဒီအချိန်မတိုင်မီအထိ ကင်းလွတ်ခွင့်ပြုဖွယ် ရှိပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013