ဥရုဂွေးဘောလုံးပွဲစဉ်တွင် ဒိုင်လူကြီးက စမတ်ဖုန်းဖြင့် အနီကတ်ပြ
DVB
·
October 20, 2026

ဥရုဂွေးနိုင်ငံမှာကျင်းပတဲ့ နာစီယွန်နယ်နဲ့ ရန်တစ်စတာအသင်းတို့ရဲ့ ကိုပါဥရုဂွေးပွဲစဉ်အတွင်း ဒိုင်လူကြီး အက်ဒွာဒို ဗာရီလာဟာ သမိုင်းဝင်မှတ်တမ်းတခု ရေးထိုးခဲ့ပါတယ်။
သူဟာ ဘောလုံးလောကမှာ ပထမဆုံးအကြိမ်အဖြစ် ကစားသမားတယောက်ကို စမတ်ဖုန်း အသုံးပြုပြီး ဒစ်ဂျစ်တယ်အနီကတ်ပြကာ ပွဲထုတ်ခဲ့တာပါ။
ဒီနည်းပညာအသစ်ကို စမ်းသပ်အသုံးပြုခဲ့တာဖြစ်ပေမဲ့ ဘောလုံးပရိသတ်တွေကြားမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
ဒိုင်လူကြီးတွေအနေနဲ့ ရိုးရာကတ်ပြားတွေအစား နည်းပညာကို အသုံးပြုလာတာဟာ ဘောလုံး လောကရဲ့ အပြောင်းအလဲ တခု ဖြစ်လာပါတယ်။
Photo:Reuters











