
Apple Intelligence၊ ဆမ်ဆောင်း၊ ဟွာဝေးတို့ အပါအဝင် စမတ်ဖုန်းတွေမှာ On-device generative AI ဆားဗစ် အသုံးပြုခွင့်ကို တရုတ်နိုင်ငံက ပထမဆုံးအသုတ်အဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံက စမတ်ဖုန်းတွေမှာ ချမှတ်ထားတဲ့ စည်းမျည်းတွေအနက် AI application အသုံးပြုခွင့်ကို တိုးချဲ့ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။
On-device AI ဆားဗစ်အရ အသုံးပြုသူတွေဟာ အင်တာနက်ကနေ AI နည်းပညာသစ်တွေကို သုံးတာမဟုတ်ဘဲ offline ဖုန်းထဲမှာပါတဲ့ AI ကိုပဲ အသုံးပြုခွင့်ပြုတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုက်ဘာစပေ့ အုပ်ချုပ်ရေးအဖွဲ့က မိုဘိုင်းဖုန်း အမျိုးအစား ၇ ခုပေါ်မှာ AI ဆားဗစ်တွေ အသုံးပြုနိုင်ဖို့ နိုင်ငံရဲ့ အစိုးရ AI ယာယီစည်းမျည်းတွေအရ ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ ဆန်းသစ်တီထွင်မှုအသစ်တွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပေမဲ့ ဆိုက်ဘာစည်းမျည်းတွေထဲကနေ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
AI အသုံးပြုမှုတွေထဲမှာ Apple Intelligence၊ ဆမ်ဆောင်းရဲ့ Galaxy AI၊ Huawei ရဲ့ ရှောင်ရီ၊ Vivo ရဲ့ BlueOnDevice၊ Oppo ရဲ့ Andes GPT၊ Xiaomi ရဲ့ PengPai AI နဲ့ Nubia စမတ်ဖုန်းရဲ့ Douba တို့ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဖုန်းတွေကို AI ဝန်ဆောင်မှုတွေ မဖြန့်ဝေမီ အစိုးရရဲ့ ဒေတာနဲ့ အကြောင်းအရာ လုံခြုံရေးစည်းမျည်းတွေအရ စစ်ဆေးမှုခံယူပြီးမှသာ ဝေမျှခွင့်ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ Google ရဲ့ Gemini၊ Open AI ရဲ့ ChatGPT တို့လို ပြည်ပ AI တွေကိုတော့ အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်ထားဆဲဖြစ်ပြီး ပြည်တွင်းထုတ် AI တွေပဲ အသုံးပြုခွင့် ပေးထားပါတယ်။










