DVB Logo
Home
Lead Story
စပိန်က ဥရုဂွေးကို နိုင်ပြီး အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်
DVB
·
June 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (H) နောက်ဆုံးပွဲစဉ်မှာ စပိန်အသင်းက ဥရုဂွေး အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် နောက်တဆင့် ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ 

မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလဟာရာမြို့၊  အက်စတာဒီယို ဂွါဒါလဟာရာကွင်းကြီးမှာ ဒေသစံတော်ချိန်  ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ စပိန်ကစားသမား အဲလက်စ် ဘေအီနာက ပထမပိုင်း ပွဲနားခါနီး ၄၂ မိနစ်မှာ စပိန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ စပိန်အသင်းရဲ့ ဂိုးကန်သွင်းချက်ကို မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတဲ့  အသက် ၄၀ အရွယ် ဂိုးသမား မွတ်စလဲရာကို အမှားအယွင်းလုပ်ခဲ့တယ်ဆိုပြီး ဥရုဂွေးနည်းပြ ဘီယဲလ်ဆာက ပထမပိုင်းအပြီးမှာပဲ လူစားလဲခဲ့ပါတယ်။ 

ဒီနောက် တဖက်နဲ့တဖက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲနှောင်းပိုင်း မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ဥရုဂွေးကစားသမား ကာနော့ဘီယို အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

တချိန်တည်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုတွင်းတခြားပွဲစဉ်တခုမှာတော့ ကိတ်ဗာဒီနိုင်ငံအသင်းက ဆော်ဒီအာရေဗျနဲ့  သရေကျကာ သူ့နိုင်ငံအတွက် ပထမဆုံးပါဝင်ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်တဆင့်ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013