DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အပေါ့ဆုံးနှင့် အပါးဆုံး Tablet ကို Huawei မိတ်ဆက်
DVB
·
May 8, 2026
Photo: HUAWEI / REUTERS PLUS
Photo: HUAWEI / REUTERS PLUS
Donate to DVB

ကမ္ဘာ့အပါးဆုံး Tablet ကို မတ် ၇ ရက်မှာ Huawei က မိတ်ဆက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့မှာ ပြလုပ်ခဲ့တဲ့ Huawei ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Tablet၊ ဖုန်းနဲ့ စမတ်နာရီတွေ ပြသခဲ့တာ တွေ့ရပါတယ်။

၁၃ ဒသမ ၁၂ လက်မရှိတဲ့ Mate Pad Pro Max ဟာ အထူ ၄ ဒသမ ၇ မီလီမီတာသာရှိပြီး ကမ္ဘာ့အပေါ့ ဆုံးနဲ့ အပါးဆုံး Tablet ဖြစ်လာပါတယ်။

Huawei ကုမ္ပဏီအကြီးအကဲ အန်ဒရီရက်ဇန်မာက  “MatePad Pro Max ဟာ Tablet လောကမှာ အမိုက်စား Tablet တလုံးပါ။ အပါးဆုံးနဲ့ အပေါ့ဆုံးပေါ့။ ဒီနေ့ မိတ်ဆက်တာကတော့ Mate pad Pro Max က အဓိကပါပဲ” လို့ ပြောပါတယ်။

ဒီပွဲမှာ Huawei ဟာ Watch Fit 5 စီးရီးကိုလည်း ပြသခဲ့တာ တွေ့ရပါတယ်။ Watch Fit 5 ဟာ Huawei ရဲ့ နောက်ဆုံးထုတ် စမတ်နာရီဖြစ်ပြီး ကျန်းမာရေးနဲ့ Fitness tracking တွေကို အစွမ်းထက်ဆုံး လုပ်ဆောင်မှုတွေ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။

Watch Fit 5 မှာ အပေါ့စားလေ့ကျင့်ခန်းလုပ်တဲ့ နမူနာပြုလုပ်ပုံတွေ ပါဝင်ပြီး ဝတ်ဆင်ထားသူကို သွားရင်းလာရင်း လှုပ်ရှားမှု ပြုလုပ်စေဖို့ တွန်းအားဖြစ်ပေါ်စေမယ်လို့ ဖော်ပြထားပါတယ်။

ဒီပွဲမှာ nova 15 Max ဖုန်းကိုလည်း မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ယူရို ၃,၇၉၉ တန် Huawei Ultimate Design Spring Edition ဆိုတဲ့ Luxury စမတ်နာရီကိုလည်း မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013