DVB Logo
Home
နိုင်ငံတကာ
ဂျပန်တွင် World Expo 2025 ပြပွဲ ဖွင့်လှစ်
DVB
·
April 14, 2025
ဂျပန်တွင် World Expo 2025 ပြပွဲ ဖွင့်လှစ်
Donate to DVB

ဂျပန်နိုင်ငံဟာ World Expo 2025 ပြပွဲကို ဧပြီ ၁၂ ရက်က အိုဆာကာမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ 

ဂျပန်ဧကရာဇ် နာရုဟိတိုနဲ့ ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘ တို့က အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပြီး ပရိသတ်ကို ရင်သပ်ရှုမောဖြစ်စေမယ့် ဖျော်ဖြေပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။

ပြပွဲဟာ အနာဂတ်ဆန်းသစ်တီထွင်မှုကို ဂျပန်ရိုးရာကျက်သရေနဲ့ ပေါင်းစပ်ထားပါတယ်။ လူတွေရဲ့ မတူညီမှုတွေကို ပေါင်းကူးပြီး ဆန်းသစ်တဲ့ နည်းပညာတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ယဉ်ကျေးမှု ဖြတ်ကျော်နားလည်မှုတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်ဝန်ကြီးချုပ်က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုရဲ့ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

အောက်တိုဘာလအထိ ကျင်းပမယ့် Expo 2025 ဟာ နည်းပညာ၊ ရေရှည်တည်တံ့မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ချက်တွေထဲမှာ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတွေကို ပြသမယ့် ၆ လကြာ ကမ္ဘာလုံးဆိုင်ရာ စုဝေးပွဲဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ ဘဝတွေအတွက် အနာဂတ် လူ့အဖွဲ့အစည်းကို ပုံဖော်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ ဒီပြပွဲဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အားလုံးအတွက် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့ နိုင်ငံပေါင်း ၁၆၀ ကျော်ကို စုစည်းသွားဖို့ ရည်ရွယ်ထားပါတယ်။”

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013