DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ကြောင့် တိတ်ဆိတ်သွားခဲ့ရသည့်  မန္တလေးသင်္ကြန်  
DVB
·
April 14, 2025
ငလျင်ဒဏ်ကြောင့် တိတ်ဆိတ်သွားခဲ့ရသည့်  မန္တလေးသင်္ကြန်  
1 / 5
Donate to DVB

မြန်မာသင်္ကြန်ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ ပထမဆုံးနှစ်မှာပဲ အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရတဲ့ မြန်မာ့ယဥ်ကျေးမှုဗဟိုချက်  မန္တလေးမြို့ဟာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့တဲ့ ပထမဆုံးနှစ်တနှစ် ဖြစ်သွားခဲ့ပါတယ်။

မန္တလေးစည်ပင်ရုံးရဲ့ ဆောက်လက်စ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဟာ ငလျင်ကူညီကယ်ဆယ်ရေး ကွပ်ကဲရေးရုံးအဖြစ် ပြောင်းလဲထားသလို လမ်းလျှောက်သင်္ကြန်တည်ရှိရာ ၇၃ လမ်းရှိ  မင်္ဂလာမန္တလေး တလျှောက်ဟာလည်း တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။

စျေးချိုတော်ကို သင်္ကြန်အပြီးမှာ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပေမဲ့လည်း နာမည်ကျော် စျေးချိုသင်္ကြန်ကလည်း  မဏ္ဍပ်တွေမရှိဘဲ စျေးချိုတော်နာရီစင်တဝိုက် ရှင်းလင်းလို့နေပါတယ်။

မန္တလေးသင်္ကြန်နဲ့ ခွဲမရတဲ့ မြို့မအပျော်တမ်းတူရိယာအသင်းမှာလည်း ငွေငန်းအလှပြယာဥ် မထွက်နိုင်ဘဲ သင်္ကြန်အကြိုနေ့ မနက်ခင်းမှာ အသင်းသက်ကြီးပူဇော်ပွဲကိုသာ ကျင်းပနိုင်ခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့ညနေမှာ အောင်စည်တော်ယွန်းပြီး အတာသင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြတဲ့ မန္တလေးသင်္ကြန်ဟာ ကလေးတချို့ ရေပက်ကစားကြတာကလွဲလို့ အဆောက်အအုံ အပြိုအပျက်တွေ၊ လမ်းဘေးမှာ ဖြစ်သလိုနေကြရတဲ့ ငလျင်ဘေးဒုက္ခသည်တွေကြား မန္တလေး အတာသင်္ကြန်သမိုင်းမှာ ပထမဆုံးအကြိမ် တိတ်ဆိတ်သွားတဲ့ မန်းသင်္ကြန်အဖြစ် သမိုင်းတွင်ရစ်သွားတာ ဖြစ်ပါတယ်။ 

Photo - DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013