DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ကျောင်းများသို့ ဂျပန်က အရေးပေါ် ကယ်ဆယ်ရေးအကူအညီ ပေးပို့
DVB
·
May 2, 2025
ငလျင်ဒဏ်သင့် ကျောင်းများသို့ ဂျပန်က အရေးပေါ် ကယ်ဆယ်ရေးအကူအညီ ပေးပို့
Donate to DVB

ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကို ဂျပန်အစိုးရက အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ခဲ့တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရေလှောင်ကန်တွေနဲ့ အရေးပေါ် ကယ်ဆယ်တဲတွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးကနေတဆင့် ဧပြီ ၃၀ ရက်နဲ့ မေ ၁ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီးထဲက ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ကာ ဒီအကူအညီက ခက်ခက်ခဲခဲ ဘေးလွတ်ရာဆီ ပြောင်းရွှေ့နေထိုင်နေကြရတဲ့ စာသင်ကျောင်းက ကလေးသူငယ်တွေ၊ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ ဘေးကင်းပြီး တကိုယ်ရေ သန့်ရှင်းမှုရှိတဲ့ဘဝ နေထိုင်နိုင်စေဖို့နဲ့ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ မြေပြင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားကာ မြန်မာပြည်သူတွေအတွက် တိုက်ရိုက်အကျိုးပြုတဲ့ လူသားချင်းစာနာမှု အကူအညီတွေ တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့သလို ငလျင်လှုပ်ပြီး အချိန် ၁ လကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

ဂျပန်နိုင်ငံကတော့ မြန်မာ့ငလျင်ဘေး နောက်ဆက်တွဲ အရေးကိစ္စတွေ ကူညီဖို့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ကျွမ်းကျင်ပညာရှင်အဖွဲ့တဖွဲ့ စေလွှတ်ထားခဲ့ပြီး အဲဒီအဖွဲ့ဟာ ရန်ကုန် အပါအဝင် မန္တလေးနဲ့ ဘေးသင့်ဒေသတွေဆီ သွားရောက်မှာဖြစ်သလို ဘေးဒဏ်သင့်ဒေသတွေရဲ့ အခြေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို အကဲဖြတ် ဆန်းစစ်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Source: Ministry of Foreign Affairs of Japan

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013