
လီဗာပူးတိုက်စစ်ကစားသမား မိုဟာမတ်ဆာလာဟာ ပရီးမီးယားလိဂ်တရာသီအတွင်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းကို နောက်ကျဂိုးနဲ့ အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလာက လူးဝစ်ဒီယက်ဇ်ရဲ့ ဦးဆောင်ဂိုးအတွက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၄၅ ကြိမ်အထိရှိ သွားခဲ့တာပါ။
၂၀၀၂-၂၀၀၃ ရာသီက အာဆင်နယ်တိုက်စစ်မှူး အွန်နရီက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုစုစုပေါင်း ၄၄ ကြိမ်နဲ့ စံချိန်တင်ထားခဲ့တာဖြစ်ပြီး ဆာလာက ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာလည်း အွန်နရီရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့သူဖြစ်ပေမဲ့ ဆာလာက ၂ ယောက် စလုံးကို ကျော်ဖြတ်ပြီးစံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
အီဂျစ်ကစားသမားဟာ ပရီးမီးယားလိဂ် ၃၂ ပွဲအပြီးမှာပဲ သွင်းဂိုး ၂၇ ဂိုး၊ ဂိုးဖန်တီးမှု ၁၈ကြိမ်အထိ ပြုလုပ်ထားပါတယ်။
Photo;Reuters