
နော်ဝေ တိုက်စစ်မှူး အာလင်းဟာလန်းဟာ ၂ ဂိုးသွင်းယူမှုနဲ့အတူ ဘရာဇီးလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုး ၇ ဂိုးထိရှိလာပြီး မက်ဆီ၊ အမ်ဘာပေတို့နဲ့ အပြိုင် ဖြစ်လာပါတယ်။
နယူးယောက် နယူးဂျာစီကွင်းမှာ ကစားခဲ့ပွဲစဉ်မှာ နော်ဝေဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီရလဒ်ဟာ ဘရာဇီးအသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပြီး နော်ဝေအတွက်တော့ အမှတ်ရစရာ နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
နော်ဝေအတွက် အဖိုးတန် အနိုင်ဂိုး ၂ ဂိုးစလုံးကို တိုက်စစ်မှူး ဟားလန်းက ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာပါ။
သူ့ရဲ့ခြေစွမ်းပြမှုကြောင့် နော်ဝေအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးမှတ်တမ်းကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ နော်ဝေဘောလုံးသမိုင်းအတွက် အရေးပါတဲ့ မှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့တာပါ။ နော်ဝေပရိသတ်တွေလည်း ဒီသမိုင်းဝင်နိုင်ပွဲကြောင့် အထူးပျော်ရွှင်နေကြပါတယ်။











