
လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်း မိုဟာမက်ဆာလာဟာ သူ့ရဲ့ကား အရှိန်လွန်မောင်းမှုကြောင့် ၆ လကြာ ယာဉ်မောင်းခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။
ဒီနှစ် မတ်လအတွင်းက ပေါင် ၄ သိန်းကျော် တန်ကြေးရှိ ဆာလာရဲ့ ရိုးလ်ရွိုက်စ် ကားက သတ်မှတ် အရှိန်နှုန်းထက် ပိုမောင်းနှင်ခဲ့တာကို Speed Camera ကနေ ရိုက်ကူးမိခဲ့ပါတယ်။
အခင်းဖြစ်ချိန်မှာ ကားကို ဘယ်သူ မောင်းနေလဲဆိုတာကို ဆာလာက ရဲတပ်ဖွဲ့ထံ အကြောင်း ပြန်ကြားဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း အာဏာပိုင်တွေက ဆာလာကို အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဆာလာရဲ့ ရိုးလ်ရွိုက်စ်ကားဟာ သတ်မှတ်ထားတဲ့ အရှိန်နှုန်းထက် ပိုမောင်းခဲ့တာကို စစ်ဆေးတွေ့ ရှိခဲ့တာပါ။
အဲဒီနောက်မှာ ရဲတပ်ဖွဲ့က ကားမောင်းသူ ဘယ်သူဖြစ်ကြောင်း မေးမြန်းခဲ့ပေမဲ့ ဆာလာက အကြောင်း မပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုလို သတင်းအချက်အလက် ပေးပို့ဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားရုံးက ဆာလာကို ယာဉ်မောင်းခွင့် ၆ လ ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











