
လီဗာပူးတိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ အသင်းမှာ ၉ နှစ်ကြာဖြတ်သန်းပြီးနောက် အခု ရာသီကုန်မှာ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆာလာဟာ အသင်းဂန္ထဝင် စတီဗင်ဂျာရတ်နဲ့ သူ့ရဲ့နေအိမ်မှာ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အသင်းကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဂုဏ်သိက္ခာရှိရှိ ထွက်ခွာဖို့ အကြံပြုချက်ကို လက်ခံခဲ့တာပါ။
ဆာလာက သူ့အနေနဲ့ အခုချိန်မှာ အသင်းက ထွက်ခွာဖို့ အသင့်တော်ဆုံးအချိန်ဖြစ်တယ်လို့ ခံစားရပြီး ကစားသမားဘဝကို ဆက်လက်ဖော်ဆောင်ဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေသေးကြောင်း ပြောပါတယ်။
လက်ရှိမှာ ပေါင်ခြံဒဏ်ရာ အနည်းငယ်ရရှိနေပေမဲ့ ရာသီမကုန်ခင် လီဗာပူးအတွက် နောက်ဆုံးပွဲစဉ် အဖြစ် ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆာလာဟာ လီဗာပူးနဲ့အတူ ရနိုင်သမျှဆုဖလားအားလုံးကို ဆွတ်ခူးခဲ့ပြီးနောက် အခုအခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
Photo:Reuters










