
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ်က မိုင်ဒူဂူရီ - ဒမ်ဘိုအာ လမ်းကြောပေါ်မှာ ခရီးသည်တင်ယာဉ်တစီး ဧပြီ ၁၂ ရက်က မြေမြှုပ်မိုင်းတခုကို နင်းမိ ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အစ္စလာမ္မစ် ဘိုကိုဟာရမ် အဖွဲ့က လုံခြုံရေး အဆောက်အအုံတွေနဲ့ အရပ်သား အသိုက်အဝန်းတွေကို မကြာခဏ တိုက်ခိုက်ခဲ့တဲ့ အရှေ့မြောက်ဒေသမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှု တွေ အဖြစ်များခဲ့သလို ကျောင်းသူလေးတွေ ရာနဲ့ချီပြီး ပြန်ပေးဆွဲခံခဲ့ရဖူးပါတယ်။
မြေမြှုပ်မိုင်းကြောင့် ခရီးသည် ၁၄ ဦး ဒဏ်ရာနည်းနည်း ရခဲ့ပြီး ၇ ဦးကိုတော့ မြို့တော် မိုင်ဒူဂူရီက ဆေးရုံတရုံရဲ့ အထူးကြပ်မတ်အဆောင်မှာ ကုသထားတယ်လို့ ဒဏ်ရာရသူတွေကို သွားကြည့်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဘာဘာဂါနာ ဇူလမ်က ပြောပါတယ်။’
နိုင်ဂျီးရီးယားမှာ သူပုန်ထမှုကို တိုက်ဖျက်ဖို့နဲ့ ပြည်နယ်တဝန်းက အဓိကလမ်းတွေ လုံခြုံစေရေးအတွက် အရှိန်မြှင့် အားထုတ်ဖို့ လုံခြုံရေးအေဂျင်စီတွေ နဲ့ ရဲတပ်ဖွဲ့ကို အုပ်ချုပ်ရေးမှူးက တိုက်တွန်းခဲ့ပါတယ်။
Source: Reuters