နိုင်ဂျီးရီးယား စက်လှေမတော်တဆမှုတွင် သေဆုံးသူ အယောက် ၃၀ ရှိလာ

နိုင်ဂျီးရီးယားနိုင်ငံ၊ ဘေယယ်လ်ဆာပြည်နယ်မှာ နစ်မြုပ်သွားတဲ့ စက်လှေအပျက်ထဲကနေ ရုပ်အလောင်းတလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက နိုဝင်ဘာ ၂၃ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပေမဲ့ လူဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေဆဲပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေငုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေထဲက ပျက်စီးနေတဲ့ စက်လှေကိုယ်ထည်ကို ကရိန်းနဲ့ဆွဲတင်ပြီး ရေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။
ကယ်ဆယ်ရေးစက်လှေပေါ်ကနေ ကြက်ခြေနီအဖွဲ့က အလောင်းအိတ်နဲ့ သယ်လာချိန်မှာ မိသားစုဝင်တွေကလည်း ကမ်းနားမှာ စုဝေးရောက်ရှိနေကြပါတယ်။
ဘယ်လ်ဆာပြည်နယ် အရေးပေါ်အေဂျင်စီရဲ့ ဒါရိုက်တာ ယယ်ဘီမီ ဆီမွန်ကတော့ လက်ရှိ အချိန်အထိ ရုပ်အလောင်းတလောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ်အလောင်းတလောင်း ထပ်တွေ့တယ်ဆိုတဲ့ သတင်းလည်း ရထားတယ်လို့ ပြောပါတယ်။
အဲဒီနောက် စုစုပေါင်း သေဆုံးသူ အယောက် ၃၀ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း ဆီမွန်က ဆက်ပြောပါတယ်။
ဘေယယ်လ်ဆာပြည်နယ် အုပ်ချုပ်ရေးမှူး ဒိုယေးဒီရီဟာ နိုဝင်ဘာ ၂၁ ရက်က ဖြစ်ရပ်နေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒီမတော်တဆမှုဟာ "ဖက်ဒရယ်၊ ပြည်နယ်နဲ့ ဒေသန္တရအစိုးရရဲ့ သက်ဆိုင်ရာဌာနတွေသာ တာဝန်ဝတ္တရားအတိုင်း သေသေချာချာ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဖြစ်လာစရာမရှိဘူး" လို့ သူ့ရဲ့ရုံးက ထုတ်ပြန်ပါတယ်။
Source: Reuters











