
တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေကို လေပြင်းမုန်တိုင်းတွေတိုက်ခတ်လို့ မွန်ဂိုလီးယားဒေသမှာ အရေးပေါ်တုံ့ပြန်ရေးသမားတွေကို ဖြန့်ချထားရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV သတင်းမှာ ဧပြီ ၁၂ ရက်က ထုတ်လွှင့်ပါတယ်။
ဟူးလွန်ပေ့ယော်နဲ့ ပေါင်းထုံမြို့တွေမှာ အားပြင်းတဲ့နှင်းမုန်တိုင်းတွေကြောင့် လမ်းမတွေပေါ် မီတာ ၃၀၀ အောက်သာ ကြည့်နိုင်မြင်နိုင်ကြောင်း ရုပ်သံမှာ ပြထားပါတယ်။
ခရိုင်နဲ့ အမျိုးသား အဝေးပြေးလမ်းမကြီး တွေမှာ ယာဉ်ကြောထိန်းချုပ်မှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ရပြီး ရဲအရာရှိတွေဟာ လက်ထဲမှာ ဂေါ်ပြားကိုင်ပြီး နှင်းတွေကျနေတဲ့ ကားတွေကို ဖယ်ရှား ရှင်းလင်းနေရပါတယ်။
ဧပြီ ၁၁ ရက်မှာ စတင်ခဲ့တဲ့ လေတိုက်ခတ်မှုဟာ သီတင်းပတ်ကုန်မှာ ဆက်လက်တိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တနာရီလျှင် ၁၅၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
နွေဦးရာသီမှာ လေပြင်းတွေဟာ မွန်ဂိုလီးယားကနေ သဲတွေနဲ့ ဖုန်မှုန့်တွေကို သယ်ဆောင်လာတာက ပုံမှန်ဖြစ်ပေမဲ့ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် မိုးလေဝသ ဖြစ်စဉ်တွေကို ပိုပြီး ပြင်းထန်လာစေတာ ဖြစ်ပါတယ်။
Source : Reuters