DVB Logo
Home
နိုင်ငံတကာ
ဆန်တိုဒိုမင်ဂို နိုက်ကလပ် ပြိုကျမှု သေဆုံးသူ ၂၂၀ ကျော်ရှိ၊ ကယ်ဆယ်ရေးလုပ်ငန်း အပြီးသတ်
DVB
·
April 13, 2025
ဆန်တိုဒိုမင်ဂို နိုက်ကလပ် ပြိုကျမှု သေဆုံးသူ ၂၂၀ ကျော်ရှိ၊ ကယ်ဆယ်ရေးလုပ်ငန်း အပြီးသတ်
Donate to DVB

ဒိုမီနီကန်သမ္မတနိုင်ငံမြို့တော် ဆန်တိုဒိုမင်ဂိုမှာ ကယ်ဆယ်ရေးသမားတွေဟာ လူပေါင်း ၂၂၁ ယောက် သေဆုံးခဲ့ရတဲ့ Jet Set နိုက်ကလပ် အဆောက်အအုံ ခေါင်မိုးပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြီးသတ်ခဲ့ပြီး ဒိုမီနီကန်အစိုးရက လူအသေအပျောက်များတဲ့ ခေါင်မိုးပြိုကျမှု အစီရင်ခံစာကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အစီရင်ခံစာမှာ မဖော်ပြထားပေမဲ့ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် အဖွဲ့တဖွဲ့က အဆောက်အအုံရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းမှုကို ဆက်လက် စုံစမ်းစစ်ဆေးဖို့ မျှော်လင့်နေပါတယ်။

နိုင်ငံရေးသမားတွေ၊ နာမည်ကျော် အားကစားသမားတွေနဲ့ တခြား လူသိထင်ရှားပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း အင်္ဂါနေ့ သန်းခေါင်ကျော်ပြီးချိန်လေးမှာပဲ ကြေကွဲစရာ ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။

အပျက်အစီးတွေထဲမှ လူပေါင်း ၁၈၉ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၇ ယောက်ကို ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။

ညတွင်းချင်း အရှိန်မြှင့်လုပ်ဆောင်ခဲ့တဲ့  ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေအတွင်း သေဆုံးသူ အများအပြားကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။ မိသားစုတွေက အဖြေတွေကို စောင့်မျှော်နေတာကြောင့် ဘယ်သူဘယ်ဝါ ဖော်ထုတ်‌ခြင်း လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

နာမည်ကျော် မရန်ဂီကာရစ်ဘီယံအကဂီတ ပညာရှင်ရဘ်ဘီပေရက်ဇ် ဖျော်ဖြေနေချိန်မှာ ခေါင်မိုး ပြိုကျခဲ့ပြီး သေဆုံးသူတွေထဲမှာ သူလည်း ပါဝင်ပါတယ်။ 

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ဈာပနကို သမ္မတလူးဝစ်စ် အဘီနာဒါနဲ့ လက်တင်ဂီတ အိုင်ကွန်ဟွမ်န်လူးဝစ်စ်ဂယ်ရာတို့ တက်ရောက်ခဲ့ပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဒိုမီနီကန်သမ္မတနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူးမှ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုအားလုံးကို နိဂုံးချုပ်ကြောင်း အတည်ပြုခဲ့ပြီး အဲဒီနေရာကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013