DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကာလ NUG တပတ်ထပ်တိုး  
DVB
·
April 12, 2025
အပစ်ရပ်ကာလ NUG တပတ်ထပ်တိုး  
Donate to DVB

မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝန်း ပြည်သူတွေ ထိခိုက်သေဆုံးမှု များခဲ့ပြီး ငလျင်ဘေးဒဏ် ခံစားနေရတာကြောင့် ထုတ်ပြန်ထားတဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလကို နောက်ထပ် တပတ်ထပ်တိုးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

ဧပြီ ၁၃ ကနေ ဧပြီ ၂၀ ရက်အထိ ငလျင်ဘေးသင့်ဒေသတွေနဲ့ ဆက်စပ်ဒေသတွေမှာ ထိုးစစ် နောက်ထပ် တပတ်တာ ရပ်နားထားမှာဖြစ်တယ်လို့  ဧပြီ ၁၂ ရက် ဒီနေ့ နေ့လယ်က လုပ်တဲ့ NUG အစိုးရရဲ့ စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ငလျင်ဘေးဒဏ်သင့်နေတဲ့ ဒေသတွေမှာ ခုခံကာကွယ်စစ်ကလွဲလို့ ကျန်တဲ့ ထိုးစစ်တွေကို မတ် ၃၀ ရက်စတင်ပြီး ၂ ပတ်တာ ရပ်နားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပြီး အခုတပတ်ထပ်တိုးလိုက်တာပဲဖြစ်ပါတယ်။

ဒီလို ကြေညာထားတဲ့ကာလမှာပဲ  NUG လက်အောက်ခံ PDF တွေအပါအဝင် တော်လှန်ရေးတပ်တွေက စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲပြီး မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တာ ရှိပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီက ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ယာယီအပစ်ခတ်ရပ်မယ်လို့  ကြေညာထားပေမဲ့ နိုင်ငံတဝန်းမှာ  လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို အဆက်မပြတ် ပြုလုပ်နေပါတယ်။

မတ် ၂၈ ရက်ကနေ ဧပြီ ၁၁  ရက်အထိ လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ  ၁၆၆ ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁၅ ယောက် သေဆုံးခဲ့ရတယ်လို့ DVB  Data အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013