DVB Logo
Home
မြန်မာသတင်း
ဗကသ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လွတ်လာ
DVB
·
April 12, 2025
ဗကသ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လွတ်လာ
Donate to DVB

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ   အကျဉ်း ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ကိုဝေယံဖြိုးမိုးဟာ အင်းစိန်အကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင်တွေမှာ ၄ နှစ်ကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရပြီးနောက် ဧပြီ ၂ ရက်မှာ ပြန်လည်လွတ်မြောက်လာတာလို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ကိုဝေယံဖြိုးမိုးဟာ စစ်အာဏာသိမ်းတဲ့ပြီးနောက်  ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်က ဗကသများအဖွဲ့ချုပ်(ပူးပေါင်း) စစ်ကြောင်းကို တာမွေမြို့နယ်မှာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ဝင်ရောက် ဖြိုခွင်းချိန် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့အတူ မတရားဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီနောက် ဒီဇင်ဘာ ၂၉ ရက်မှာ ငြိမ်းစုစီဥပဒေပုဒ်မ နဲ့ ထောင်ဒဏ် ၁ လ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု  ၅၀၅ (ခ) အတွက် ထောင် ၂ နှစ် စုစုပေါင်း အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်နဲ့  ၁ လကို စစ်ကောင်စီ ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရစဉ်မှာလည်း ကိုဝေယံဖြိုးမိုးကို ထောင်အာဏာပိုင် အဆောင်မှူးအပါအဝင် အကျဉ်းသားတချို့က နှိပ်စက်ရိုက်နှက်ခဲ့လို့ နံရိုးကျိုးသွားခဲ့ပြီး ပြင်းထန် ဒဏ်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013