Home
နိုင်ငံတကာ
တောင်ကိုရီးယား ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျ
DVB
·
April 11, 2025
Photo : GYEONGGI-DO FIRE SERVICES

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ အနောက်တောင်ပိုင်း ဂွမ်မြောင်မြို့ရှိ ရထားလမ်း ဖောက်လုပ်ထားတဲ့ နေရာတခု ပြိုကျခဲ့လို့ အလုပ်သမားတယောက် ပျောက်ဆုံးနေကြောင်းနဲ့ ဒုတိယအလုပ်သမားတယောက်ကို ရှာတွေ့ထားပေမဲ့ အပျက်အစီးထဲ ပိတ်မိနေသေးတယ်လို့ အမျိုးသား မီးသတ်အေဂျင်စီက ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။

အခုဖြစ်ရပ်ဟာ မြို့တော်ရဲ့ အလယ်ဗဟို ယောအီဒိုခရိုင်ကနေ နိုင်ငံရဲ့ လူဦးရေအများဆုံး ဒေသဖြစ်တဲ့ ဂျောင်ဂီပြည်နယ်ရှိ အန်ဆန်းနဲ့ ရှီ‌ဟွန်း ဆင်ခြေဖုံးမြို့တွေကို ဆက်သွယ်ပေးမယ့် ခရီးသည်ပို့ဆောင်ရေး ရထားလမ်းသစ်တခု တည်ဆောက်နေတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။

အခုပြိုကျမှုဟာ “ဥမင်လိုဏ်ခေါင်းအားဖြည့်ခြင်းလုပ်ငန်း” အတွင်း ဖြစ်ပွားခဲ့ကြောင်း မီးသတ်အေဂျင်စီက ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းအတွက် မီးသတ်သမား ၅၅ ယောက်ကို ဖြန့်ကျက်ချထားခဲ့ကြောင်းလည်း ဆိုပါတယ်။

ဆိုက်ကြီးကြပ်ရေးမှူးတယောက်က မြေအောက်တိုင်လုံးတခုမှာ အက်ကြောင်းတွေ တွေ့ရှိခဲ့လို့ အာဏာပိုင်တွေဆီ ညတွင်းချင်း သတင်းပို့ခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြထားပြီး မြို့တော်အာဏာပိုင်တွေနဲ့ ပူးပေါင်းတုံ့ပြန်လုပ်ဆောင်ခဲ့ကြောင်း ရဲအရာရှိတယောက်က ပြောကြားခဲ့ပါတယ်။

ပြိုကျမှုမတိုင်မီ သောကြာနေ့မနက် အစောပိုင်းက မြေပြိုကျမှု ဖြစ်နိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ ရဲတပ်ဖွဲ့က ဆောက်လုပ်ရေးဧရိယာတဝိုက်ရှိ လမ်းကို ၁ ကီလိုမီတာ ပိတ်ထားခဲ့ပါတယ်။

အားဖြည့်လုပ်ငန်းတွေ ပြီးမြောက်ပြီး လုံခြုံတယ်လို့ ယူဆရတဲ့နေရာအထိ လမ်းပိတ်ထားမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီလတုန်းက ဆိုးလ်မြို့တောင်ဘက် အန်ဆောင်းမှာ အဝေးပြေးလမ်းဖောက်လုပ်ထားတဲ့ လမ်းမကြီးတခု ပြိုကျခဲ့ပြီး မတ်လထဲမှာ ဆိုးလ်မှာ မီတာ ၂၀ လောက်ရှိတဲ့ တွင်းနက်ကြီးတခု ပေါ်လာခဲ့တာကြောင့် ဆိုင်ကယ်စီးသူတယောက် သေဆုံးခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024