
အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ တနှစ်သက်တမ်းတိုးဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီကနေ ၂ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
စာချုပ်ထဲမှာ နောက်ထပ် ၁၂ လ သက်တမ်းတိုးမယ့် သဘောတူညီမှုလည်း ပါဝင်ပြီး အဲဒီအတိုင်း ရှေ့ဆက်သွားဖို့ နှစ်ဖက်စလုံးက အသင့်ရှိနေတယ်လို့ သိရပါတယ်။
မိုင်ယာမီအသင်းပူးတွဲပိုင်ရှင် ဂျော့စ်မတ်ကလည်း မက်ဆီကို ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်မယ့် အိမ်ကွင်းသစ်ထဲမှာ မြင်တွေ့လိုပြီး တနှစ်သက်တမ်းတိုးဖို့ စကားပြောဆိုပြီး ဖြစ်တယ်လို့ ပါတယ်။
လာမယ့် ဇွန်မှာ အသက် ၃၈ နှစ်ပြည့်မယ့် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထပ်မံ ဝင်ရောက်ကစားနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
Photo: Reuters