DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်မြို့တော် ၇၂၉ နှစ်ပြည့် အထိမ်းအမှတ် ကချေသည် ၂၀,၀၀၀ ဖြင့် ကမ္ဘာ့စံချိန်တင် ဖျော်ဖြေမည်
DVB
·
April 11, 2025
ချင်းမိုင်မြို့တော် ၇၂၉ နှစ်ပြည့် အထိမ်းအမှတ် ကချေသည် ၂၀,၀၀၀ ဖြင့် ကမ္ဘာ့စံချိန်တင် ဖျော်ဖြေမည်
Donate to DVB

ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မြို့ကို တည်ထောင်လာတာဟာ ၂၀၂၅ ခုနှစ် ဧပြီ ၁၂ ရက်နေ့မှာ နှစ်ပေါင်း ၇၂၉  ပြည့်သွားပြီဖြစ်ပါတယ်။ 

ဒီလိုအခါသမယရောက်တိုင်း မြို့စောင့်နတ် ရွာစောင့်နတ် နဲ့ ရေမြေ့သခင် ချင်းမိုင်ဘုရင် ဖယားမန်းဂ်ရိုင်း ပူဇော်ဂုဏ်ပြုပွဲကို နှစ်စဉ်ကျင်းပပြီး ထိုင်းမြောက်ပိုင်း လန့်နားဒေသ ရိုးကအက တမျိုးဖြစ်တဲ့ လက်သည်းချွန်အကနဲ့ ဖျော်ဖြေလေ့ရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေက လက်သည်းချွန်အက ကချေသည်ပေါင်း ၅၀၀ ထိသာ ညီညီညာကကြပေမဲ့ ဒီ ၂၀၂၅ ခုနှစ်ထဲမှာတော့  ဂင်းနစ် ကမ္ဘာ့စံချိန်တင်စုပေါင်းအကအဖြစ် ကချေသည်ပေါင်း ၂၀, ၀၀၀ နဲ့  ပူဇော် ဖျော်ဖြေဖို့ လွန်ခဲ့တဲ့ လတွေကတည်းက ကြိုတင်လေ့ကျင့်နေခဲ့ကြပါတယ်။ 

ဒီလိုလူအများကြီးနဲ့ ဖျော်ဖြေရတာနဲ့ ပတ်သက်ပြီး ချင်းမိုင်မြတ်နိုးသူလူထုအဖွဲ့ ဆက် သွယ်ရေးတာဝန်ခံ ခွန်ဆဝခွန်း ဆီဘွန်းရိုင်းက “ချင်းမိုင်မြို့ကြီး နှစ်ပေါင်းရာနဲ့ချီ တည်တံ့ ရှည်ကြာခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊  ချင်းမိုင်မြို့ရဲ့ ကြံ့ခိုင်မှုကို ပြသတဲ့ အနေနဲ့ သာမက ချင်းမိုင်ပြည်သူတွေ စည်းလုံးညီညွတ်မှုကို ပြသလိုတဲ့ရည်ရွယ်ချက်နဲ့ပါ  လူအင်အားများစွာ သုံးရတာဖြစ်တယ်၊ သင်ကြားရေးဌာနအသီးသီးမှ ကျောင်းသူတွေ ၊ ရပ်ကွက်အလိုက် အစုအဖွဲစုအဖွဲ့အလိုက် အိမ်ရှင်မတွေပါဝင်တယ်။   ထိုင်းမြောက်ပိုင်း လန့်နားရိုးရာအကဟာ ကမ္ဘာ မှာစံချိန်တင်ဖြစ်ဖို့ ရည်ရွယ်တယ်”လို့  NBT North 11 သတင်းဌာနကို ပြောပါတယ်။ 

အဆိုပါအကကို ခုလာမယ့် သင်္ကြန်ကာလ ဧပြီ ၁၆ ရက်နေ့ ချင်းမိုင်ကျုံးတွင်း  ဘုရင်သုံးပါးရုပ်ထုရှေ့ကနေ ကျုံးပတ်လည် စီတန်းလှည့်လည်ကပြဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။ 

ဘုရင် သုံးပါးမှာ ချင်းမိုင်မြို့တည်ထောင်စဉ်် ချင်းမိုင်ဘုရင်ဖယားမန်းဂရိုင်းက ဆုခိုထိုင်းဘုရင် ရမ်ခမ်းဟိုင်မဟာရာ့ချ်နဲ့ ဖယောင်းဘုရင် ဖယားငမ်းမိုင်းတို့ကို ဖိတ်ခေါ်ပြီး အချင်းချင်း စစ်မက်မပြုရေ၊ ထာဝရမိတ်သင်္ဂဟကောင်းဖွဲ့ရေး လက်ညှိုးကသွေးဖောက်ကာ သစ္စာရေ အတူ သောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Source: NBT North 11 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013