
ဘာစီလိုနာ တိုက်စစ်ကစားသမား ရာဖင်ညာဟာ မက်ဆီရဲ့ တရာသီအတွင်း ချန်ပီယံလိဂ်မှာ သွင်းဂိုးပါပတ်သက်မှုစံချိန်ကို လိုက်မီသွားပါတယ်။
ဒေါ့မွန်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရာဖင်ညာက ၁ ဂိုးသွင်း ၂ ကြိမ်ဂိုးဖန်တီးနိုင်င်ခဲ့တာပါ။
အခုနှစ် ချန်ပီယံလိဂ်ပွဲစဉ် ၁၁ ပွဲမှာ ရာဖင်ညာရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုက ၁၉ ဂိုးအထိရှိလာခဲ့ပြီး ၂၀၁၁-၂၀၁၂ ရာသီက မက်ဆီတင်ရှိခဲ့တဲ့စံချိန်ကို လိုက်မီခဲ့တာပါ။
ရာဖင်ညာအနေနဲ့ လက်ကျန်ပွဲစဉ်တွေ ကစားဖို့ရှိသေးတာကြောင့် မက်ဆီရဲ့ စံချိန်ကိုပါ ကျော်ဖြတ်သွားဖို့ ရှိပါတယ်။
အခုနှစ်ရာသီပြိုင်ပွဲစုံမှာ ၂၈ ဂိုးသွင်း၊ အကြိမ် ၂၀ ဂိုးဖန်တီးမှုလုပ်ဆောင်ထားပြီး ကစားသမားဘဝတလျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ရရှိနေတာဖြစ်ပါတယ်။
Photo: Reuters