DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ပြစ်မှုကြီး ကျူးလွန်သူများကို သေဒဏ်စီရင်
DVB
·
April 10, 2025
လားရှိုးတွင် ပြစ်မှုကြီး ကျူးလွန်သူများကို သေဒဏ်စီရင်
1 / 2
Donate to DVB

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ဧပြီ ၁၀ ရက် မနက်ပိုင်းက လားရှိုး အပါအဝင် MNDAA ထိန်းချုပ်နယ်မြေအတွင်း ပြစ်မှုကြီးကြီးမားမား ကျူးလွန်တဲ့သူတွေကို သေဒဏ်စီရင်ခဲ့ကြောင်း ဒေသခံတွေနဲ့ ကိုးကန့် MNDAA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

MNDAA နဲ့ နီးစပ်သူတယောက်က “တရားခံ ၆ ဦးထဲက ၄ ဦး သေဒဏ်၊ တရားခံ ၁ ဦးက သေဒဏ်ကို ၂ နှစ် ဆိုင်းငံ့ထားတယ်။ တရားခံ နောက်တယောက်က ထောင်ဒဏ်တသက်” လို့ ပြောပါတယ်။

တရားခံတွေ ကျူးလွန်တဲ့ အမှုတွေထဲမှာ ပထမအမှုက သမီးအရင်းကို မုဒိမ်းကျင့်တာ၊ ဒုတိယအမှုက ရည်ရွယ်ချက်ရှိရှိ လူသတ်တာ၊ တတိယအမှုက တရားခံ ၆ ယောက် ပါဝင်ပြီး တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ကာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ ပြင်းပြင်းထန်ထန် နာကျင်စေမှု၊ လူသတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်တာတွေ ဖြစ်တယ်လို့ သူက ‌ရှင်းပြပါတယ်။

ဒေသခံတယောက်က “အများ လူမြင်ကွင်းမှာ တရားစီရင်တာ လားရှိုးမှာ ဒီတခါပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

သေဒဏ် ၄ ယောက် ပါဝင်ပြီး ထောင်ဒဏ် ၂ ယောက် ချမှတ်ခဲ့ကာ အရင်က ဒလန်တွေကို ပစ်သတ်ခဲ့ဖူးတာ ရှိပေမဲ့ အများပြည်သူရှေ့ လူမြင်ကွင်းမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ရာဇဝတ်မှု ပပျောက်ရေးနဲ့ ရာဇဝတ်မှုတွေကို ကြိုတင်ရှောင်ကြဉ်နိုင်ဖို့ ရည်ရွယ်ပြီး လားရှိုးမြို့အတွင်း အပါအဝင် MNDAA ထိန်းချုပ်ဒေသတွင်း လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှု၊ ကြိုတင်ကြံစည်လူသတ်မှု၊ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ သက်ငယ်မုဒိမ်းမှု စတဲ့မှုခင်း‌ကြီးတွေ အကြိမ်ကြိမ်အလီလီ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူကာ အများပြည်သူ လူထုရှေ့ ပွင့်လင်းမြင်သာစွာ ပြစ်ဒဏ်စီရင်ခဲ့တာဖြစ်ကြောင်း ကိုးကန့် MNDAA တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၅ ရက်ကလည်း လောက်ကိုင်မြို့ အများပြည်သူရှေ့မှာ ရာဇဝတ်မှု ကျူးလွန်သူ ၆ ယောက်ကို သေဒဏ်ချမှတ်ခဲ့သလို ၂၀၂၄ ဧပြီ ၂၄ ရက်ကလည်း ပြစ်မှုကျူးလွန်ခဲ့တဲ့ MNDAA ရဲ့ ခရိုင်မှူးတယောက်နဲ့ တပ်သား ၂ ယောက်ကို သေဒဏ် ချမှတ်ခဲ့ဖူးကာ ၂၀၂၃ မေလ ၂ ရက်နေ့မှာလည်း လားရှိုးမြို့နယ်မှာ လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခုခန့် ကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကို သေဒဏ်စီရင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013