
တောင်ဆူဒန်နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဆူဒန်ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှု အတိုက်အခံပါတီ (SPLM-IO) က စတီဖင် ပါခူးလ်ကို ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တယ်လို့ ဧပြီ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ မသေချာ မရေရာမှုတွေ ဂယက်ထစေခဲ့ပြီး ပြည်တွင်းစည်းလုံးညီညွတ်မှုအပေါ် စိုးရိမ်မှုတွေ တိုးလာခဲ့တာပါ။
လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးဝန်ကြီး ခူးလ်ကို ယာယီခေါင်းဆောင်အဖြစ် SPLM-IO ပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက ဂျူဘာမြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
ပြန်အသက်ဝင်လာတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ပါတီရဲ့ “မယိမ်းယိုင်တဲ့ ကတိကဝတ်” ကို ထပ်အတည်ပြုခဲ့ပါတယ်။
SPLM-IO ဥက္ကဋ္ဌ ဒေါက်တာ ရိခ်မာချာ လွတ်မြောက်လာချိန်အထိ အမျိုးသားလွတ်မြောက်ရေး ကောင်စီဟာ ကြားဖြတ်ခေါင်းဆောင်မှုကို အတည်ပြုခဲ့တယ်လို့လည်း သူကပြောပါတယ်။ ဒီအပြောင်းအရွှေ့ရဲ့ တရားဝင်မှုကို လူထုက စိစစ်နေပါတယ်။
တိုးတက်တဲ့အဖွဲ့အစည်းအတွက် လူထုစွမ်းဆောင်မှုအဖွဲ့ (CEPO) ရဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း အမှုဆောင်ဒါရိုက်တာ အက်ဒ်မန် ယာကာနီက အခုရာထူးခန့်အပ်မှုဟာ ထိန်းသိမ်းခံ ပါတီဥက္ကဋ္ဌရဲ့ သဘောတူညီချက်ကို မရရင် စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဒုသမ္မတ ရိခ်မာချာ နေအိမ်အကျယ်ချုပ် ကျခံရပြီးတဲ့နောက် တောင်ဆူဒန်နိုင်ငံအတွင်း ပြည်တွင်းစစ်အသစ်ကို တားဆီးဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲအတွက် အာဖရိကသမဂ္ဂက ကြားဝင်ဖျန်ဖြေသူတွေက တောင်ဆူဒန်နိုင်ငံဆီ ပြီးခဲ့တဲ့ သီတင်းပတ်က သွားရောက်ခဲ့ပါတယ်။
တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာ ကီယာရဲ့ အစိုးရက လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ ၂၀၁၃- ၂၀၁၈ စစ်ပွဲအတွင်း သူပုန်တပ်တွေကို ဦးဆောင်ခဲ့တဲ့ ကာလကြာရှည် ပြိုင်ဘက် ရိခ်မာချာကို တော်လှန်မှုအသစ်ကို လှုံ့ဆော်ဖို့ ကြိုးပမ်းနေသူလို့ စွပ်စွဲခဲ့ပါတယ်။
Source : Reuters