
စလိုဗက်နိုင်ငံက လေယာဉ်ပြုပြင်ရေးကုမ္ပဏီ LOTN နဲ့ နော်ဝေကုမ္ပဏီ ကွန်စ်ဘာ့ဂ် လေကြောင်းပြုပြင်ရေးဌာနတို့ဟာ F-16 လေယာဉ်တွေကို ပူးတွဲထိန်းသိမ်းပြုပြင်ဖို့ သဘောတူညီချက်တရပ်ကို ဧပြီ ၉ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စလိုဗက် ကာကွယ်ရေးဝန်ကြီး ရောဘတ် ကာလီနက်ခ် တက်ရောက်ခဲ့တဲ့ ထရန်ရှင်မြို့က LOTN ကုမ္ပဏီရဲ့ စက်ရုံမှာ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပါတယ်။
ရုရှားလုပ်လေယာဉ်တွေကို အစားထိုးပြီး ယူကရိန်းနိုင်ငံကို လှူဒါန်းထားပြီးသားဖြစ်တဲ့ F-16 တိုက်လေယာဉ်အသစ် ၁၄ စင်းအနက် ပထမဆုံး ၂ စင်းကို ပြီးခဲ့တဲ့နှစ်က စလိုဗက်ကီးယား နိုင်ငံက ရရှိခဲ့ပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ပိုင် နယ်မြေရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ NATO အဖွဲ့ဝင် စလိုဗက်ကီးယားဟာ အခုနှစ်ကုန်ပိုင်းမှာ နောက်ထပ် F-16 အမျိုးအစား လေယာဉ် ၁၂ စင်းကို လက်ခံရရှိဖို့ စီစဉ်ထားပါတယ်။
ရုရှားက အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးချိန်ကစပြီး NATO အဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်နေကြရုံမက စစ်ဘက်ဆက်ဆံရေးပါ ပိုနီးကပ်လာနေကြ ပါတယ်။
Source : Reuters