DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့သိမ်းတိုက်ပွဲ၌ 96 Soldiers PDF ရဲဘော်တစ်ဆယ် ကျဆုံး
DVB
·
April 10, 2025
ဖလမ်းမြို့သိမ်းတိုက်ပွဲ၌ 96 Soldiers PDF ရဲဘော်တစ်ဆယ် ကျဆုံး
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့သိမ်းတိုက်ပွဲမှာ 96 Soldiers PDF တပ်ဖွဲ့က ရဲဘော်တစ်ဆယ် ကျဆုံးခဲ့တယ်လို့ 96 Soldiers PDF အညာတပ်ခွဲဆီကနေ သိရပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ 96 Soldiers PDF တပ်ဖွဲ့က ရဲဘော်တစ်ဆယ် ကျဆုံးပြီး ၄ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ယောက်က ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၉ ရက်မှာ ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းယူနိုင်ပြီး ဖလမ်းတမြို့လုံးကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်က စတင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၅ လပြည့်မှ မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013