DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအရှေ့ပိုင်းတွင် တရုတ်နိုင်ငံသားများ ဖမ်းမိ 
DVB
·
April 10, 2025
ယူကရိန်းအရှေ့ပိုင်းတွင် တရုတ်နိုင်ငံသားများ ဖမ်းမိ 
Donate to DVB

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေဟာ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်သွယ်ပြောဆိုနေကြတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဧပြီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

သူတို့က အခု ကိယက်ဗ်မှာဖြစ်ပြီး ယူကရိန်းလုံခြုံရေးအဖွဲ့က ကနဦး လုပ်ထုံးလုပ်နည်းတွေကို ဆောင်ရွက်နေကြောင်း ဇလန်းစကီးက ပြောပါတယ်။

သူတို့ဟာ ရှေ့တန်းမှာ ဘယ်လို အဆုံးသတ်ခဲ့တယ်၊ ဒီ နိုင်ငံတကာ ရာဇ၀တ်မှုတွေ၊ ယူကရိန်းနဲ့ ရုရှား စစ်ပွဲမှာ ပါဝင်လာခဲ့ကြပုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေးနေပါတယ်လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဇလန်းစကီးက “ဒီစစ်ပွဲမှာ တရုတ်နိုင်ငံသားတွေ ပိုပိုပြီး ပါဝင်ပတ်သက်မှုက ပိုကြီးတဲ့ ပြဿနာကို မီးလောင်ရာလေပင့် ဖြစ်မှာ သေချာပါတယ်။ ပြီးတော့ ဒါကို လုံးဝ မူအရ တုံ့ပြန်ရမှာ ဖြစ်တယ်” လို့ပြောပါတယ်။

ယူကရိန်းကို ဆန့်ကျင်တဲ့ ရုရှားစစ်တပ်အတွက် တိုက်ပွဲဝင်နေတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်လောက် ရှိနေပြီး သူတို့ရဲ့ နာမည်၊ မျိုးရိုးအမည် စသဖြင့် သတင်းအချက်အလက်တွေ ယူကရိန်း ထောက်လှမ်းရေးမှာ ရှိထားတယ်လို့လည်း ဗုဒ္ဓဟူးနေ့က ကိယက်ဗ်မှာ ဇလန်းစကီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရုရှားက ဆိုရှယ်မီဒီယာကနေတဆင့် တရုတ်နိုင်ငံသားတွေကို စုဆောင်းနေတယ်လို့ ဇလန်းစကီးက ပြောကြားခဲ့ပြီး တရုတ်အရာရှိတွေက ဒါကို သတိပြုမိနေပြီလို့လည်း ဆိုပါတယ်။

တပ်သားသစ်တွေဟာ ပေကျင်းအစိုးရဆီက ညွှန်ကြားချက်တွေ လက်ခံရရှိခြင်း ရှိ၊ မရှိကိုလည်း ယူကရိန်းက အကဲဖြတ်ဖို့ ကြိုးစားနေတယ်လို့ သူက ဆက်ပြောပါတယ်။

သံတမန်လမ်းကြောင်းတွေကနေတဆင့် တရုတ်ဘက်က လိုအပ်တဲ့ အချက်အလက်တွေကို ဖြန့်ဝေမှာဖြစ်ပြီး ပေကျင်းက ဒီစစ်ပွဲကို ဒီထက်ပိုပြီး အရှိန်မမြှင့်သင့်ဘူးလို့လည်း ပြောကြားခဲ့ဖူးကြောင်း ဇလန်းစကီးက ပြောဆိုပါတယ်။

ယူကရိန်းအတွက် မိတ်ဖက်တွေဆီက အခြေခံကျတဲ့ ပံ့ပိုးကူညီမှုကိုလည်း မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကတော့ ယူကရိန်းနဲ့ အခြေအနေကို စိစစ်နေပြီး သူ့အစိုးရဟာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကို ရှောင်ရှားဖို့နဲ့ အထူးသဖြင့် ဘယ်အဖွဲ့ရဲ့ စစ်ရေး စစ်ဆင်ရေးတွေမှာမဆို ပါဝင်ခြင်းက ရှောင်ကြဉ်ဖို့လိုကြောင်း သူ့နိုင်ငံသားတွေကို အမြဲညွှန်ကြားထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013