DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က အခွန်စည်းကြပ်မှု ရက်ပေါင်း ၉၀ ဆိုင်းငံ့၊ တရုတ်ကို စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်း မြှင့်တင်
DVB
·
April 10, 2025
ထရမ့်ပ်က အခွန်စည်းကြပ်မှု ရက်ပေါင်း ၉၀ ဆိုင်းငံ့၊ တရုတ်ကို စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်း မြှင့်တင်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ စည်းကြပ်ခွန်အစီအစဉ် တစိတ်တပိုင်းအဖြစ် ရက်ပေါင်း ၉၀ ခေတ္တဆိုင်းထားခွင့်ပြုကြောင်း ဧပြီ ၉ ရက်မှာ ကြေညာလိုက်ပြီး တရုတ်နိုင်ငံအတွက် စည်းကြပ်ခွန်နှုန်းထားကိုတော့ ၁၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်ထားကြောင်းနဲ့ ချက်ချင်းအကျုံးဝင်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က“ကမ္ဘာ့စျေးကွက်ကို တရုတ်နိုင်ငံက လေးစားမှုကင်းမဲ့ကြောင်း ပြသခဲ့တဲ့အပေါ် အခြေခံပြီး အမေရိကန်က တရုတ်ကို ကောက်ခံတဲ့ အခွန်စည်းကြပ်မှုကို ချက်ချင်း ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တာဖြစ်တယ်” လို့သူ့ရဲ့ လူမှုမီဒီယာပို့စ်မှာ ရေးထား ပါတယ်။

မကြာမီကာလ တချိန်ချိန်မှာတော့ အမေရိကန်နဲ့ တခြားနိုင်ငံတွေ ရုပ်သိမ်းသွားတဲ့နေ့တွေကို ရေရှည်တည်တံ့ခြင်း သို့မဟုတ် လက်ခံနိုင်စရာ မရှိတော့ဘူး ဆိုတာကို တရုတ်နိုင်ငံက သဘောပေါက်လာပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

အပြန်အလှန်အားဖြင့် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်ဟာ ကုန်သွယ်မှု၊ ကုန်သွယ်ရေး အတားအဆီးတွေ၊ စည်းကြပ်ခွန်တွေ၊ ငွေကြေးခြယ်လှယ်မှုတွေနဲ့ ငွေကြေးမဟုတ်တဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ အကြောင်းအရာတွေကို ညှိနှိုင်းအဖြေရှာဖို့ အတွက် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနတွေ၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်လာကြတယ်။

ဒါပေမဲ့ အဲဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုကို ဘယ်လိုနည်းလမ်းပုံစံတွေနဲ့မှ လက်တုံ့ပြန်ခြင်း မပြုခဲ့တာကြောင့် အပြန်အလှန်အားဖြင့် သူကလည်း ရက်ပေါင်း ၉၀ ခေတ္တရပ်ထားဖို့ ခွင့်ပြုထားပြီး ဒီကာလအတွင်းမှာ အပြန်အလှန် အခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်းကိုလည်း သိသိသာသာ လျှော့ချပေးထားပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013