DVB Logo
Home
နိုင်ငံတကာ
ဒိုမီနီကန်တွင် နိုက်ကလပ်ခေါင်မိုးပြိုကျမှုကြောင့် သေဆုံးသူ ၁၈၀ ကျော်ထိ မြင့်တက်
DVB
·
April 10, 2025
ဒိုမီနီကန်တွင် နိုက်ကလပ်ခေါင်မိုးပြိုကျမှုကြောင့် သေဆုံးသူ ၁၈၀ ကျော်ထိ မြင့်တက်
Donate to DVB

ဒိုမီနီကန်သမ္မတနိုင်ငံ မြို့တော် ဆန်တိုဒိုမင်ဂိုမှာ Jet Set နိုက်ကလပ်အမိုး ပြိုကျမှုကြောင့် သေဆုံးသူ ၁၈၄ ယောက်အထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  ဧပြီ ၁၀ ရက် မနက် AP သတင်းမှာ ဖော်ပြပါတယ်။

အင်္ဂါနေ့အစောပိုင်းက မြို့တော်ရှိ Jet Set နိုက်ကလပ်မှာ ပါတီပွဲတခုအတွင်း ပြိုကျခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၅၅ ယောက်ကို ကယ်ဆယ်ခဲ့ပြီးတော့ ဒေသဆိုင်ရာ ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြောင်း အရေးပေါ် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေကြောင်း အရေးပေါ်ကယ်ဆယ်ရေးစင်တာမှ ဒါရိုက်တာ ဟွမ်န် မာနွဲလ် မန်ဒတ်ဇ်က ပြောဆိုပြီး ဒီအဖြစ်ဆိုးဟာ ထိခိုက်ခံစားရတဲ့ မိသားစုတွေသာမက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြေကွဲဝမ်းနည်းရမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒိုမီနီကန်သမ္မတနိုင်ငံ သမ္မတ လူးဝစ်စ် အာဘီနဲဒါက သေဆုံးသူတွေအတွက် ဝမ်းနည်း အောက်မေ့ခြင်းအတွက် ဧပြီ ၈ ရက်က စတင်ပြီး ၃ ရက်ကြာ နိုင်ငံတော် ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပါတယ်။

Jet Set နိုက်ကလပ်ရဲ့ ခေါင်မိုး ပြိုကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013