DVB Logo
Home
နိုင်ငံတကာ
ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး ၂ ဒသမ ၅ တန်ကို မီးရှို့ဖျက်ဆီး
DVB
·
February 27, 2026
ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး ၂ ဒသမ ၅ တန်ကို မီးရှို့ဖျက်ဆီး
Donate to DVB

ဒိုမီနီကန်သမ္မတနိုင်ငံ အာဏာပိုင်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးတွေအတွင်း သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါး စုစုပေါင်း ၂ ဒသမ ၅ တန်လောက်ကို ဖေဖော်ဝါရီ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ အခမ်းအနားကို ဒိုမီနီကန်စစ်တပ်ရဲ့ ပထမခြေလျင်တပ်မဟာစခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး ပမာဏဟာ စုစုပေါင်း ၂,၅၄၄ ကီလိုဂရမ်၊ ၄၉၆ ဂရမ်နဲ့ ၂၃၁ မီလီဂရမ် ရှိပါတယ်။

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ အခုဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ လတ်တလော ဖမ်းဆီးရမိထားတာတွေဖြစ်ပြီး အများစုကတော့ ပယ်ရာဗီယာနဲ့ ဆန်တို ဒိုမင်ဂိုပြည်နယ်တွေကနေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားမှုခင်းဆေးပညာသိပ္ပံဌာန (INACIF) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ နှစ်စကနေ အခုအချိန်အထိ  ဒိုမီနီကန်နိုင်ငံမှာ မူးယစ်ဆေးဝါး စုစုပေါင်း ၆ တန်ကျော်ကို ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013