DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
DVB
·
April 9, 2025
စစ်တွေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ဧပြီ ၈ ရက် ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် ကျားမသောက်အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“နှစ်ဖက်ပစ်ခတ်ထားတဲ့ အခြေအနေမှာ စစ်ကောင်စီဘက်က စပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စတင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ အာရက္ခတပ်တော်က တလ အပစ်အခတ် ရပ်ထားတာကြောင့် ထိုးစစ်တွေ ရပ်ထားချိန်မှာ အခုလို ရန်စလိုတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်လာတာဖြစ်တယ်။ ထိခိုက်မှုတွေကိုတော့ ကျနော်တို့လည်း မသိရသေးဘူး။”

စစ်ကောင်စီက ဧပြီ ၈ ရက် ည ၁၁ နာရီဝန်းကျင်ခန့်မှာ လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ပုဏ္ဏားကျွန်းမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့နယ်ဘက်မှာလည်း အပစ်အခတ် ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ကပ်သပြေကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော် ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ မတ် ၂၈ ရက်က အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဧပြီ ၁ ရက်ကစပြီး ဧပြီ ၃၀ ရက်အထိ တဖက်သတ် အပစ်အခတ်ရပ်စဲခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ နိုင်ငံတဝန်းလုံးမှာ လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုး လှုပ်ရှားတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013