
စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်ဟာ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ဆီ ၃ ရက်ကြာ ခရီးစဉ်အစ အနေနဲ့ ဧပြီ ၉ ရက်မှာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ကို ရောက်လာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စည်းကြပ်ခွန်တွေ ကောက်ခံမယ်လို့ ကြေညာအပြီး ဆန်းချက်ဇ်ဟာ ဥရောပခေါင်းဆောင်တွေထဲက ပထမဆုံးသော အရှေ့ဘက်ဆီ ဦးတည်လာသူ ဖြစ်လာပါတယ်။
ဥရောပရဲ့ လက်ဝဲယိမ်းအစိုးရတွေထဲက စပိန်ခေါင်းဆောင် ဆန်းချက်ဇ်ဟာ ဗီယက်နမ်မှာ ၂ ရက်နေမှာဖြစ်ပြီး စပိန်-ဗီယက်နမ် ဆက်ဆံရေးကို အစောဆုံး အခွင့်အရေးအနေနဲ့ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းက ပြောပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ စီးပွားရေးဆက်ဆံမှုနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကတိပြုကြပြီး လွတ်လပ်တဲ့ ကုန်သွယ်မှုကို မြှင့်တင်ဖို့ ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။
ဆန်းချက်ဇ်ကတော့ စပိန်ဟာ ကုန်သွယ်ရေး ပဋိပက္ခတွေကို ဆန့်ကျင်တယ်လို့ ပြောခဲ့ပါတယ်။
Source : Reuters