DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဧရာဝတီတိုင်းမှ စစ်မှုထမ်းလူငယ် ၁၅၀ ကျော် ပဲခူးတိုင်းဘက်ပို့
DVB
·
April 9, 2025
စစ်ကောင်စီက ဧရာဝတီတိုင်းမှ စစ်မှုထမ်းလူငယ် ၁၅၀ ကျော် ပဲခူးတိုင်းဘက်ပို့
Donate to DVB

၂၁ ရက်ကြာ ယာယီအပစ်ရပ်စဲကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းတပ်သားအဖြစ် ဖိအားပေး အဓမ္မစုဆောင်းခံရပြီး စစ်သင်တန်းပေးခဲ့တဲ့ လူငယ် ၁၅၀ ကျော်ကို ပဲခူးတိုင်းဘက် အသုတ်လိုက်ခွဲပြီး ပို့နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စိတ်မချမ်းမြေ့တဲ့အတွက် စစ်ဆင်ရေး ရပ်တန့်ထားမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က ပဲခူးတိုင်းဘက် ပို့လိုက်တဲ့ စစ်မှုထမ်း တပ်သားသစ်တွေဟာ စစ်မှုထမ်း အပတ်စဉ် ၉ မှာ ဧရာဝတီတိုင်းအတွင်း စုဆောင်းခဲ့ပြီး စစ်ကောင်စီတပ်က ပုသိမ် ရွှေမြင်တင် အမှတ် ၆ သင်တန်းကျောင်းမှာ စစ်သင်တန်းပေးခဲ့သူတွေ ဖြစ်ပြီး ဧပြီ ၆ ရက်နဲ့ ၇ ရက်တွေမှာ အသုတ်လိုက် ခွဲပို့နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ပုသိမ်က အမှတ် ၆ ရွှေမြင်တင်မှာ စုဆောင်းပြီး ပဲခူးတိုင်းထဲ အပို့ခံရတာ။ လူငယ်တွေ အများစုမှာ အသက် ၄၀ အရွယ်တွေတောင် ပါတယ်။ ဖိအားပေး စုဆောင်းခံရတာ” လို့ ပြောပါတယ်။

အဲဒီ ပဲခူးတိုင်းဘက် အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၁၅၀ ကျော်ကို စစ်ကောင်စီရဲ့ ပုသိမ် ရွှေမြင်တင် သင်တန်းကျောင်းက ရိက္ခာထုပ်တွေနဲ့ ယူနီဖောင်း အပို ၂ စုံပေးပြီး စစ်ကား ၈ စီးနဲ့ ပို့နေတာလို့ ဆိုပါတယ်။

ဘိုကလေးမြို့ခံတယောက်က “စစ်မှုထမ်းရတဲ့ လူငယ်အများစုက ဆန္ဒမပါသူတွေပါ။ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ် ပေါင်းပြီး စုဆောင်းခဲ့တာ။ တော်လှန်ရေးတပ်တွေက ကလေးတွေကို တွေ့တဲ့နေရာမှာ အဆင်ပြေသလို ကူညီပေးစေချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာတွေ ရပ်တန့်ကြောင်း ကြေညာချက်ဟာ လေနဲ့ အပြောသာဖြစ်ပြီး လက်ရှိ စစ်မှုထမ်း တပ်သားသစ်တွေကို ပဲခူးဘက်ပို့တာဟာ စစ်ရေးပြင်ဆင်တာလို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013