DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ် စစ်ဆေးရေးဂိတ်မှ သေနတ် ၁ လက် သိမ်းဆည်းရရှိ
DVB
·
April 9, 2025
ပခုက္ကူတွင် စစ်တပ် စစ်ဆေးရေးဂိတ်မှ သေနတ် ၁ လက် သိမ်းဆည်းရရှိ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုကို တိုက်ခိုက်ဖို့ သွားရောက်ရာ သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ Burma Revolution Rangers ကနေ သိရပါတယ်။

ပခုက္ကူမြို့ အနောက်ဘက် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဧပြီ ၆ ရက် မနက် ၁၀ နာရီခွဲလောက်က BRR တပ်ဖွဲ့က ရဲဘော် ၂ ယောက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ BRR တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုကာတွန်းက DVB ကို ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မတွေ့တာကြောင့် သူတို့နေထိုင်တဲ့ နေရာတွေ၊ ဘန်ကာတွေ၊ ကင်းစောင့်တဲ့နေရာတွေကို သွားရောက်ရှာဖွေခဲ့ရာ စစ်ကောင်စီတပ်သားတွေ မတွေ့ရဘဲ MA1 သေနတ်တလက် တွေ့လို့ သိမ်းဆည်းယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေကို နေ့စဥ်နဲ့အမျှ ဒုက္ခပေးနေပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံတာတွေ ပြုလုပ်တာကြောင့် ပြောက်ကျားနည်းဗျူဟာသုံးပြီး တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧပြီ ၅ ရက် ညပိုင်းကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် ဒဏ်ရာရရှိကာ နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013